မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာဖို့ အိန္ဒိယအစိုးရ ဒေါ်လာ ၃ ဘီလျံကျော် သုံးစွဲမယ်

နယူးဒေလီ၊ မတ် ၂၉

မှောင်ခိုကူးမှုအပါအဝင် တခြားတရားမဝင်လုပ်ရပ်တွေကို ကာကွယ်ဖို့ မိုင် ၁၀၀၀ ရှိတဲ့မြန်မာ နယ်စပ်မှာ အိန္ဒိယက ခြံစည်းရိုးကာဖို့ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသုံးစွဲပြီး ဆယ်နှစ်အတွင်း အပြီးသတ်ကာရန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းဒေသရဲ့ ဒေသဆိုင်ရာ ဖွဲ့စည်းပုံကို ထိန်းသိမ်းရေး၊အမျိုးသားလုံခြုံရေး အကြောင်းရင်းတွေအတွက် မြန်မာနိုင်ငံနဲ့ ဆယ်စုနှစ်များစွာကျင့်သုံးခဲ့တဲ့ ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်မူဝါဒကို အဆုံးသတ်ပြီး နယ်စပ်ကို ခြံစည်းရိုးကာမယ်လို့ အစိုးရက ဒီနှစ်အစောပိုင်းက ပြောခဲ့တာပါ။

ခြံစည်းရိုးကာရန်မယ့် ကုန်ကျစရိတ်ကို အစိုးရကော်မတီတစ်ခုက ဒီလအစောပိုင်းမှာ ခွင့်ပြုခဲ့ပေမယ့် ဝန်ကြီးချုပ် မိုဒီရဲ့ဝန်ကြီးများအဖွဲ့ခွင့်ပြုချက် လိုအပ်နေသေးတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ရုံး၊ပြည်ထဲရေး၊နိုင်ငံခြားရေး၊ဘဏ္ဍာရေး၊သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တွေဆီ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိဘူးလို့ မူရင်း သတင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ထောင်နဲ့ချီတဲ့ အရပ်သားတွေနဲ့ ရာချီတဲ့ စစ်သားတွေဟာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးမှုတွေရှိခဲ့တာပါ။

ဒီအခြေအနေတွေကြောင့် ဒေသဆိုင်ရာ လူထုကြားတင်းမာမှုတွေ အိန္ဒိယနိုင်ငံထဲ ပျံ့နှံ့ရောက်ရှိ လာမှာကို နယူးဒေလီအစိုးရက စိုးရိမ်နေတယ်လို့ သိရပါတယ်။

စစ်အခြေစိုက်စခန်းတွေနဲ့ နယ်စပ်ကိုဆက်သွယ်မယ့် ဘေးသွယ်လမ်း ၁၀၅၀ မိုင်နဲ့ ခြံစည်းရိုး တလျှောက်အပြိုင်လမ်းမတွေ တည်ဆောက်ဖို့လည်း အိန္ဒိယအစိုးရ ကော်မတီအရာရှိတွေက သဘောတူထားတယ်လို့ သိရပါတယ်။

ခြံစည်းရိုးနဲ့ ဆက်စပ်လမ်းမတွေရဲ့ တည်ဆောက်စရိတ်ဟာ ၁ကီလိုမီတာကို ရူပီးငွေ ၁၂၅ သန်း ကုန်ကျမှာဖြစ်တဲ့အတွက် ၂၀၂၀ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တည်ဆောက်ခဲ့တဲ့ ခြံစည်းရိုး ကုန်ကျစရိတ် ၁ ကီလိုမီတာကို ရူပီးငွေ ၅၅ သန်းရဲ့ နှစ်ဆကျော်ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံက အခုလိုခြံစည်းရိုးခတ်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီကတော့ မှတ်ချက် တစ်စုံတစ်ရာပေးတာ မတွေ့ရသေးပါဘူး။

Ref:Reuters

Thanlwintimes

Recent Posts

အမေရိကန် လက်နက်မပို့လည်း ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်မယ်လို့ အစ္စရေး ကြွေးကြော်

ဂျေရုစလင်၊ မေ ၁၀ ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့ကို စီစဉ်ထားတဲ့အတိုင်း တိုက်ခိုက်မယ်ဆိုရင် လက်နက်ပို့ပေးတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ကိုယ့်အားကိုယ်ကိုး…

44 mins ago

တရုတ်က ဆိုးဆိုးရွားရွား သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင် ပြော

မနီလာ၊ မေ ၁၀ တောင်တရုတ်ပင်လယ်မှာ တင်းမာမှု လျှော့ချရေး ဖိလစ်ပိုင်ရေတပ် ဒုဗိုလ်ချုပ် တစ်ယောက်က တရုတ်နဲ့ သဘောတူထားကြောင်း ပြည်တွင်း သတင်းစာတစ်ခုက ဖော်ပြခဲ့ပြီးနောက် ဘေဂျင်းအစိုးရဟာ…

5 hours ago

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက…

6 hours ago

စလင်းမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံရတဲ့ အလောင်းနှစ်လောင်းတွေ့ရှိ

စလင်း၊ မေ ၉ မကွေးတိုင်း စလင်းမြို့နယ် ခင်ပလူကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။…

20 hours ago

စစ်အာဏာသိမ်း (၁၁၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၁၀ AAPP ရဲ့ မေ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၁၉၄) ရက်အတွင်း ပြည်သူ…

21 hours ago

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက…

21 hours ago

This website uses cookies.