ဆိုးလ်မြို့မှာ ဘတ်စ်ကားမောင်သူတွေ သပိတ်မှောက်မှုကြောင့် သွားရေးလာရေးအခက်ကြုံနေရ

ဆိုးလ်၊ မတ် ၂၉

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လုပ်ခလစာတိုးပေးရေး နောက်ဆုံးညှိနှိုင်းမှုတွေ ပျက်ပြယ် သွားပြီးနောက် ဘတ်စ်ကားယာဉ်မောင်းတွေဟာ မတ် ၂၈ ရက်နေ့က သပိတ်မှောက်ခဲ့တဲ့အတွက် လူ ၁၀ သန်းနီးပါး သွားလာရေး အခက်ကြုံတွေ့ခဲ့ရပါတယ်။

လူအသွားအလာများတဲ့ အချိန်တွေမှာ အနှောင့်အယှက်ဖြစ်လာနိုင်တဲ့အတွက် ဆိုးလ်မြို့တော် အစိုးရက မြေအောက်ရထားတွေကို အစီးရေနဲ့ အချိန်ပိုပြီး ပြေးဆွဲပေးသွားမယ်လို့ ဆိုထားပါတယ်။

မြို့တော်ရဲ့ ဒေသ ၂၅ ခုမှာ ခရီးသည်တွေကို မြေအောက်ရထားဘူတာရုံတွေဆီ ပို့ဆောင်ရေး ဘတ်စ်ကားအစီး ၄၈၀ နဲ့ အသွားအပြန်ပြေးဆွဲသွားဖို့လည်း အစိုးရက စီစဉ်ထားတယ်လို့ သိရပါ တယ်။

ဘတ်စ်ကားမောင်းသူတွေ ရာနှုန်းပြည့် သပိတ်မှောက်မှုဟာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံးအကြိမ်သပိတ်မှောက်မှုဟာ မိနစ် ၂၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းတွေကို ကိုယ်စားပြုတဲ့ ဆိုးလ်ဘတ်စ်ကားအလုပ်သမား သမဂ္ဂက နာရီအလိုက် လုပ်ခလစာကို ၁၂ ဒသမ ၇ ရာခိုင်နှုန်းတိုးပေးဖို့ တောင်းဆိုခဲ့ပြီး အလုပ်ရှင်တွေက ပယ်ချခဲ့ တာကြောင့် ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့ရတာပါ။

အာရုံတက်ချိန်က ညှိနှိုင်းမှုတွေ ပျက်ပြယ်ခဲ့ပြီးနောက် မတ် ၂၈ ရက် မနက်ပိုင်းက ဆိုလ်းမြို့ ခံတွေဟာ ဘတ်စ်ကားမောင်းသူတွေ သပိတ်မှောက်တာကို သတိမပြုမိဘဲ လိုရာခရီးကို သွားရောက်ဖို့ အခက်ကြုံတွေ့ခဲ့ရပါတယ်။

ဆိုးလ်မြို့မှာ ဘတ်စ်ကားတွေဟာ တစ်စိတ်တစ်ပိုင်း အများပိုင်စနစ်အဖြစ် ပြေးဆွဲနေတာ ဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုနိုင်ရေး သေချာစေဖို့ အစိုးရက စည်းကြပ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေက စီမံ ခန့်ခွဲနေတာဖြစ်ပါတယ်။

မြို့တော်ဝန် အိုဆီဟွန်ကတော့ မြို့တော်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေဟာ မြို့ခံတွေရဲ့ ခြေထောက်တွေလိုဖြစ်နေပြီး သူတို့ရဲ့ နေ့စဉ်ဘဝတွေဟာ ဘတ်စ်ကားတွေကို အားကိုးနေရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Ref:Reuters

Thanlwintimes

Recent Posts

နိုင်ငံတဝန်းက မြို့နယ် ၉၀ နီးပါးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ဖြတ်‌တောက်ခံထားရ

မော်လမြိုင် ၊ မေ ၁၂ အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက မြို့နယ် ၉၀ နီးပါးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ မေ ၇ ရက်နေ့မှာ…

18 hours ago

ကျုံအိတ်တံတား မိုင်းခွဲခံရလို့ ကုန်စည်စီးဆင်းမှုရပ်တန့်

မော်လမြိုင် ၊ မေ ၁၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ တည်ရှိတဲ့ ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရတာကြောင့် တောင်ပိုင်းဒေသရဲ့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီလို့…

18 hours ago

တနင်္သာရီက ၁၀၂၀ ပွိုင့်စခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

တနင်္သာရီ၊ မေ ၁၂ စစ်ရေးအရ အရေးပါတဲ့ တနင်္သာရီတိုင်း တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့၁၀၂၀ ပွိုင့်စခန်း ကုန်းကို မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ…

18 hours ago

ထိုင်းဘက်ကနေ အင်တာနက်ဖြတ်လိုက်ပေမယ့် မြဝတီ ရွှေကုက္ကိုလ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအလုပ်ဆက်ဖြစ်နေ

မြဝတီ မေ ၁၁ ထိုင်းနဲ့ မြန်မာနယ်စပ်မှာရှိတဲ့ မဲဆောက်နဲ့ မယ်လမတ်မြို့တို့ကနေ ကရင်ပြည်နယ်၊ မြဝတီမြို့နားက ရွှေကုက္ကိုလ်မြို့သစ်နဲ့ KK Park တို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ သုံးစွဲဖို့အတွက်…

20 hours ago

မကွေးတိုင်းမှာ Mask တပ်ရင် ပစ်သတ်မယ်လို့ စစ်တပ်ခြိမ်းခြောက်

မကွေး၊ မေ ၁၁ မကွေးတိုင်းဒေသကြီးရဲ့ မြို့နယ်တွေမှာ Mask တပ်ဆင်သွားပါက သေနတ်နဲ့ ပစ်သတ်လို့ရတယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက လိုက်လံခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မေ…

21 hours ago

အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ နယူးဒေလီ ဝန်ကြီးချုပ် အာမခံနဲ့ ပြန်လွှတ်

နယူးဒေလီ၊ မေ ၁၁ အကျင့်ပျက်ခြစားမှုနဲ့ တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ နယူးဒေလီ ဝန်ကြီးချုပ် အာဗင် ကာဂျရီဝဲလ်ကို အိန္ဒိယ တရားရုံးချုပ်ကနေ အာမခံနဲ့ လွတ်မြောက်ခွင့် ပေးလိုက်တယ်လို့…

1 day ago

This website uses cookies.