Categories: သတင်း

တနင်္သာရီမှာ စာသင်ကျောင်း ဗုံးကြဲခံရလို့ ကလေး ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

သရက်ချောင်း၊ မေ ၉

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲဒက်တပ်စခန်း သိမ်းပိုက်ခံရလိုက်တဲ့ စစ်ကောင်စီတပ်ဟာ မေ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ ကနက်သီရိကျေးရွာ စာသင်ကျောင်းကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲချသွားခဲ့တာပါ။

လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် စာသင်ကျောင်း ဘောလုံးကွင်းမှာ ဘောလုံးကန်ဖို့ စောင့်ဆိုင်းနေတဲ့ အသက် ၁၅ နှစ်ရွယ် မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့ ၂ ဦးဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ်ကလေးငယ် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကနက်သီရိကျေးရွာ စာသင်ကျောင်း ဗုံးကြဲသွားတဲ့ စစ်ကောင်စီတပ်ဟာ ရငဲကျေးရွာတိုက်နယ်ဆေးရုံကိုလည်း ထပ်မံဗုံးကြဲသွားတဲ့အတွက် တိုက်နယ်ဆေးရုံ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပဲဒက်တပ်စခန်းကို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေ့ မေ ၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအ မြောက်အမြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပဲဒက်တပ်စခန်း သိမ်းပိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ် ကျေးရွာတွေဖြစ်တဲ့ ရငဲ၊ ကျွဲ မင်းကုန်း၊ ကျောက်ခမောက်နဲ့ ကနက်သီရိကျေးရွာနေ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Thanlwintimes

Recent Posts

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး…

1 hour ago

ကျိုက်ထို၊ မုပ္ပလင်နဲ့ သိမ်ဇရပ်မှာ တိုက်ပွဲပြန်ဖြစ်နေ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတချို့ရှိ

ကျိုက်ထို၊ မေလ ၂၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ မုပ္ပလင်နဲ့သိမ်ဇရပ်မြို့အနီးတွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက မေ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ မေ…

2 hours ago

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

4 hours ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

4 hours ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

This website uses cookies.