Categories: သတင်း

ကျိုက်ထိုမြို့မရဲစခန်းက ရဲနှစ်ဦးကို စစ်တပ်ဖမ်းဆီးနှိပ်စက်

ကျိုက်ထို၊ မေ ၁၀

မွန်ပြည်နယ် ကျိုက်ထိုမြို့မရဲစခန်းက ရဲနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ သ တင်းပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ် ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းရဲတပ်ကြပ် စိုးရာဇာနဲ့ ယာဉ်ထိန်းရဲ ဝဏ္ဏစိုးတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေ ၅ ရက်နေ့မှာ ရဲစခန်းအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံလိုက်ရတဲ့ ရဲနှစ်ဦးအား စစ်ကောင်စီတပ် စစ်ဆေးစဉ် သထုံခရိုင်အတွင်းက PDF တွေထံ စစ်သတင်းပေးတာ၊ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်မှု ရှိနေတဲ့သူတွေကို အမည်စာရင်းပေးပို့တာ၊ PDF တွေနဲ့ အပြန်အလှန်ပြောဆိုထားတာတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့ ရဲနှစ်ဦးကို စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပေမယ့် ဘယ်တပ်မှာ ဖမ်းဆီးထားလဲဆိုတာ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရဲနှစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နောက်ထပ်ဖမ်းဆီးခံရမယ့် ရဲတပ်ဖွဲ့ဝင်တွေလည်း ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ရဲနှစ်ဦးကို ရဲတပ်ဖွဲ့ဥပဒေတွေအပြင် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ပါ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းချင်တာကြောင့် ရဲတပ်ဖွဲ့ဝင်ရာနဲ့ချီ CDM ပြုလုပ်ထားသလို CDM မလုပ်ဘဲ စခန်းအတွင်းကနေ ဖရဲသီးလုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ရှိနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားတဲ့ ရဲနဲ့စစ်သား ၁၈၀၀၀ ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Thanlwintimes

Recent Posts

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

55 mins ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

1 hour ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

This website uses cookies.