ကိုဗစ်ကူးစက်မှုတွေ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ဂျီနီဗာ – ဧပြီ(၂၀) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O ရဲ့ 

ကမ္ဘာမှာ ကိုဗစ်ကပ်ဘေး တည်ငြိမ်မှုမရှိသေးဘဲ ဗိုင်းရပ်စ် ကို ကြိုတင်ခန့်မှန်းလို့ မရသေးတဲ့ အခြေအနေမှာပဲရှိသေးတဲ့အတွက် ကူးစက်မှုတွေထပ်မံကြုံတွေ့လာရနိုင်တယ်လို့ W.H.O က သတိပေးခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ (၂၈) ရက်အတွင်း သေဆုံးသူ (၂၃၀၀၀) ကျော်နဲ့ ကူးစက်မှုဖြစ်စဉ် (၃) သန်းကျော် ရှိခဲ့ တယ်လို့ W.H.O ဆီကို အစီရင်ခံထားပြီး ဒီအခြေအနေဟာ ရောဂါစစ်ဆေးမှု လျှော့ချလိုက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတာလို့ ဆိုထားပါတယ်။ 

စစ်ဆေးနှုန်းကျဆင်းချန်မှာ လူအမြောက်အများ သေဆုံးနေသေးသလို လူအမြောက်အများ လည်းဖျာနာနေတာရှိတယ်လို့ W.H.O အရေးပေါ်လုပ်ငန်း ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန် က ပြောခဲ့ပါတယ်။ 

“ကျွန်ုပ်တို့အနေနဲ့ ကပ်ဘေးဆိုတဲ့ ခလုတ်ကို မပိတ်ရသေးပါဘူး။ အဲ့ဒါက ပိုပြီးတော့ ခန့်မှန်းနိုင် မယ့်ပုံစံအဖြစ် ဆက်လက်ကြုံတွေ့ရမယ့် လမ်းခရီးကြမ်းတစ်ခုဖြစ်ပါတယ်” လို့မစ္စတာ ရိုင်ယန် ကပြောပါတယ်။ 

ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ဟာ ကပ်ဘေး ရောဂါအဖြစ်ကနေ အဆုံး သတ်တာမရှိသေးဘဲ လျော့ပါတဲ့ အတိုင်းအတာအဖြစ် ရာသီပေါ်ကပ်ဘေး အနေနဲ့ တည်ရှိပြီး အမြင့်ဆုံးကူးစက်နိုင်ချေရှိနေတယ်လို့ သူက ပြောပါသေးတယ်။  

W.H.O ရဲ့အရေးပေါ်အခြေအနေဆိုင်ရာ လုပ်ငန်းကော်မတီဟာ ကိုဗစ်အစည်းအဝေးကို (၃)လ တစ်ကြိမ်ကျင်းပနေပြီးလာမယ့်မေလအစောပိုင်းမှာလည်း ကျင်းပသွားဖို့ရှိတယ်လို့သိရပါတယ်။

အရင်ကျင်းခဲ့တဲ့ အစည်းအဝေးတွေအတိုင်း ဗိုင်းရပ်စ်ကို နိုင်ငံတကာက အထူးစိုးရိမ်ရတဲ့ လူထု ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ health emergency of international concern (PHEIC) ဆိုတဲ့ သတ်မှတ်ချက်တွေအတွင်း ပါဝင်နေတာရှိမရှိကိုလည်း ဆုံးဖြတ်သွားမှာပါ။ 

W.H.O က ကိုဗစ်ကို (PHEIC) အဖြစ်သတ်မှတ်တာဟာ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာ ဖြစ်ပြီး အဲဒီအချန်က တရုတ်နိုင်ငံပြင်းပမှာ ကူးစက်မှု လျော့နည်းပြီး သေဆုံးမှုမရှိချိန်မှာ ဖြစ်တယ် လို့ သိရပါတယ်။ 

ထိခိုက်လွယ်တဲ့ သူတွေမှာ သိသာထင်ရှားတဲ့ အသက်ရှုလမ်းကြောင်း ရောဂါတွေဖြစ်ပေါ်စေ နိုင်တဲ့ အတွက် ဗိုင်းရပ်စ်ကို သတ်မှတ်ချက်တွေကနေ ဖယ်ရှားမှာမဟုတ်ဘဲ တုတ်ကွေးရောဂါ အဖြစ် ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ W.H.O အရေးပေါ်လုပ်ငန်း ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန် ကပြောခဲ့ပါတယ်။ 

Ref: AFP/rc

Thanlwintimes

Recent Posts

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှု ဖြစ်တယ်လို့ ထိုင်ဝမ် ပြော

တိုင်ပေ၊ မေ ၂၃ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအနီး တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှုတွေဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။…

1 hour ago

ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ရေး လျှောက်ထားမှု တရားရုံး ဆုံးဖြတ်မယ်

ဘန်ကောက်၊ မေ ၂၃ ပီချစ် ချူအန်ဘန်းကို ဝန်ကြီးများ အဖွဲ့မှာ ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး လျှောက်လဲထားမှု…

1 hour ago

ဘီးလင်းက မစောတံတား မိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ လူထိခိုက်သေဆုံးမှုရှိ

ဘီးလင်း၊ မေ ၂၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတား မိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။…

6 hours ago

စစ်အာဏာသိမ်း (၁၂၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၂၉) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၃ AAPP ရဲ့ မေ ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၇) ရက်အတွင်း ပြည်သူ (၅၁၂၉ ) ဦးအထိ…

18 hours ago

စားဝတ်နေရေး အခက်အခဲတွေကြောင့် အမျိုးသမီးလိင်ဝန်ဆောင်မှု လုပ်ကိုင်သူပိုများလာ

မော်လမြိုင် ၊ မေ ၂၃ မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စားဝတ်နေရေး အခက်အခဲတွေကြောင့် အမျိုးသမီး လိင်ဝန်ဆောင်မှု လုပ်ကိုင်သူ ပိုများလာတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။…

18 hours ago

ကချင်မှာ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါး KIA သိမ်းပိုက်ရရှိထား

ဝိုင်းမော် ၊ မေ ၂၃ ကချင်ပြည်နယ် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ နီးပါး သိမ်းပိုက်ရရှိထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို…

18 hours ago

This website uses cookies.