တင်အောင်စန်း(မော်လမြိုင်)

“ကျွန်တော့်ကိုစောင့်တဲ့ကဗျာ”

ကျွန်တော်တို့ငယ်ငယ်က ဘိုးဘွားမိဘတွေဟာ ကျွန်တော်တို့ကို ပုံပြင်တွေပြောပြကြပါတယ်။ အဲဒီ ပုံပြင် တွေနဲ့ကျွန်တော်တို့ကို မသိမသာ ဆုံးမပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကို နားထောင်ချင်စိတ်နဲ့ ပုံပြင် ပြောပြပါလို့ပူစာယင်း ကျွန်တော်တို့ဟာ ဘိုးဘွားများရဲ့အဆုံးအမတွေကို နာခံဖို့အဆင်သင့်ဖြစ်နေ<!--more--> တတ်ပါတယ်။ ကျောင်းရောက်တဲ့အခါ ဆရာတွေကလည်းပုံပြင်တွေပြောယင်း၊ ကလေးကဗျာများကို ရွတ်ဆိုသင်ကြားယင်း ကျွန် တော်တို့ကို ဖြေဖျော်တင်ဆက်မှုတွေနဲ့ အသိပညာပေးဆုံးမပြန်ပါတယ်။ တကယ်တော့ ငယ်စဉ်ကသင်ကြား နားဆင် ခဲ့ရတဲ့ ကဗျာနဲ့ပုံပြင်တွေဟာ…

“ကျွန်တော့်ဆီရေးတဲ့စာ”

ကျွန်တော်တို့ငယ်ငယ်က ဘိုးဘွားမိဘတွေပြောပြတဲ့ပုံပြင်တွေကို နားထောင်ခဲ့ဖူးကြပါတယ်။ လူ ကြီးဖြစ်လာတဲ့အခါမှာလည်း လူကြီးတွေနဲ့ဆိုင်တဲ့ပုံပြင်တွေကို မိတ်ဆွေသူငယ်ချင်းအချင်းချင်းပြောရင်း ဒါမှ မဟုတ်စာအုပ်တွေထဲကနေ ကျွန်တော်တို့ကြားသိကြရပါတယ်။ အဲဒီပုံပြင်တွေထဲကအချို့ဟာ သဘာဝမ ကျ၊ ယုတ္တိမရှိဘူးလို့ထင်ရပေမယ့် ပုံပြင်အားလုံးလိုလိုကတော့ ကျွန်တော်တို့ကိုခံစားမှုရသတွေပေးရင်း ဘ၀ မှာနေတတ်အောင် ဆုံးမသွန်သင်ပညာပေးပါတယ်။