အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ လွှတ်တော် ငြင်းဆန်
နေပြည်တော် ၊ ဇူလိုင် ၁၁ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံကနေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကနေ ကိုယ်စားလှယ်တွေက ဆွေးနွေးငြင်းဆန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်နှောင်းပိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က အာဆီယံဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအပေါ် ဇူလိုင် ၂ ရက် ၇…
ကျိုက်မရောထောင်မှာ နိုင်ကျဉ်းတွေကို ထောင်အာဏာပိုင်တွေ ညှဉ်းပန်းနှိပ်စက်နေ
ကျိုက်မရော ဇူလိုင် ၁၁ မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်း နှိပ်စက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် PPNM က ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ထောင်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျိုက်မရော ဗဟို အကျဉ်းထောင်ရှိ…
ဘီးလင်းမြစ်ရေ တက်လာလို့ လူဦးရေ ၁၀၀ ကျော် အရေးပေါ် ရွေ့ပြောင်း
ဘီးလင်း၊ ဇူလိုင် ၁၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာတာကြောင့် လူဦးရေ ၁၀၀ ကျော်ကို အရေးပေါ် စတင်ရွေ့ပြောင်းထားရတယ်လို့ လူမှုကူညီရေးအသင်းဝင်တွေထံကနေ သိရပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်ထိ မြင့်တက်လာတာကြောင့် ရပ်ကွက်အနိမ်ပိုင်းတွေမှာ ရေဝင်လာလို့ လူနေထိုင်လို့မရတော့တဲ့ အမှတ် ၇ ရပ်ကွက်က ပြည်သူတွေကို…
ထားဝယ်အထူးစီးပွားရေးဇုန်မှာ စစ်ကြောင်းက ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထား
ရေဖြူ၊ ဇူလိုင် ၁၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်က ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးထားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၇၀၀ လောက်ပါတဲ့ စစ်တပ် စစ်ကြောင်းဟာ ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းကစလို့ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ…
ဘီးလင်းတိုက်ပွဲအတွင်း နေအိမ် ဆယ်ချီ မီးရှို့ဖျက်ဆီးခံရ
ဘီးလင်း၊ ဇူလိုင် ၁၀ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူးကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်က နေအိမ် ဆယ်နဲ့ချီ မီးရှို့ဖျက်ဆီးသွားတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့နဲ့ ၆ ရက်နေ့တို့မှာ တက်တူးကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…
Patriot ဒုံးကျည် ကိုယ်တိုင်ထုတ်လုပ်ခွင့်အတွက် အမေရိကန်နဲ့ယူကရိန်း သဘောတူ
ကိဗ် ဇူလိုင် ၁၀ PAC-3 Patriot ကြားဖြတ် ပစ်ချရေး ဒုံးကျည် ကိုယ်တိုင် ထုတ်လုပ်ခွင့်အတွက် အမေရိကန်နဲ့ ယူကရိန်းကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း အဓိက ဒုံးကျည် ထောက်ပံ့မှုတွေဟာ လာမယ့် ၅ ရက်အတွင်း ရောက်ရှိလာမှာ ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဇူလိုင် ၉ ရက်က…
မှတ်တမ်းတင်ထားသမျှထဲ အကြီးမားဆုံး အယ်လ်နီညို ဖြစ်လာမယ်လို့ အမေရိကန် ပြော
ဝါရှင်တန်၊ ဇူလိုင် ၁၀ အယ်လ်နီညို ရာသီဥတု ပုံစံဟာ ပြီးခဲ့တဲ့လက အားပိုကောင်းလာခဲ့ပြီး အောက်တိုဘာနဲ့ ဒီဇင်ဘာကြား အားအကောင်းဆုံး အခြေအနေသို့ ရောက်ရှိချိန် မှတ်တမ်းတင်ထားသမျှထဲ အကြီးမားဆုံး ဖြစ်လာနိုင်ကြောင်း အမေရိကန် မိုးလေဝသ ခန့်မှန်းသူတွေက ဇူလိုင် ၉ ရက်မှာ ပြောလိုက်ပါတယ်။ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း အီကွေတာ အပိုင်းမှာ ရေမျက်နှာပြင်…
စစ်အာဏာသိမ်း (၁၉၈၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၅၀) ဦးအထိရှိလာ
မော်လမြိုင်၊ ဇူလိုင်၁၀ AAPP ရဲ့ ဇူလိုင်၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၈၅) ရက်အတွင်း ပြည်သူ (၈၁၅၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၄၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၂၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…
ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စစ်တပ်အသွင်ပြောင်းအစိုးရ ဘာကြောင့်ဖယ်ရှားနေတာလဲ
မော်လမြိုင် ၊ ဇူလိုင် ၁၀ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရက သူတို့ရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ် မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုတွေကို တစ်ခုပြီးတစ်ခု ဖယ်ရှားရှင်းလင်းလာနေပါတယ်။ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံ့အာဏာကို ဆက်လက်ရယူပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို ဘဝင်မကျ…
မြဝတီမြို့မှာ ရွှေ့ပြောင်းလုပ်သားလူငယ်တွေ ပစ်မှတ်ထားပေါ်တာဆွဲခံနေရ
မြဝတီ၊ ဇူလိုင် ၁၀ ကရင်ပြည်နယ် မြဝတီမြို့မှာ ရပ်ဝေးဒေသတွေကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ် ပစ်မှတ်ထားပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ဟာ ညစဉ်ညတိုင်း ကင်းလှည့်စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး မြဝတီနယ်ခံမဟုတ်တဲ့သူတွေ၊ မသင်္ကာတဲ့သူတွေနဲ့ ရွှေ့ပြောင်းလုပ်သား လူငယ်တွေကို ပစ်မှတ်ထားကာ…
