တနင်္သာရီမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးအလင်းဝင်

တနင်္သာရီ၊ ဇူလိုင် ၁၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနထံက သိရပါတယ်။ တနင်္သာရီမြို့နယ်အခြေစိုက် ရေဖြူစစ်ဗျူဟာမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာနကို ဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာပါ။ အလင်းဝင်လာတဲ့သူတွေဟာ တပ်သား စိုင်းဝဏ္ဏနဲ့ တပ်သား ဘုန်းမြင့်အောင်တို့ဖြစ်ပြီး MA 1…

စာရေးဆရာ မြန်မာစာပါမောက္ခ မောင်သာချို ကွယ်လွန်

မော်လမြိုင် ဇူလိုင် ၁၀ နာမည်ကျော် စာရေးဆရာနဲ့ မြန်မာစာ ပါမောက္ခ ဆရာမောင်သာချိုဟာ ဒီနေ့ ဇူလိုင် ၁၀ ရက် အသက် ၆၇ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာမောင်သာချိုဟာ ပင်လုံဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့အကြောင်း ကာတွန်းဆရာ အော်ပီကျယ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ ရန်ကုန်၊ ကွမ်းခြံကုန်းသား ဖြစ်တဲ့ ဆရာမောင်သာချိုကို…

ဘားအံမြို့မှာ လိုင်စင်မဲ့ကားတချို့ကို စစ်ကောင်စီငွေကြေးယူပြီး ပြန်လွှတ်ပေးနေ

ဘားအံ၊ ဇူလိုင် ၁၀ ကရင်ပြည်နယ် ဘားအံမြို့မှာ ပြည်နယ်စစ်ကောင်စီအဖွဲ့က လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးရာမှာ ဖမ်းဆီးရမိတဲ့ကားတွေထဲက ကားတချို့ကို ငွေကြေးရယူပြီး ပြန်လွှတ်ပေးတာတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကစပြီး ဘားအံမြို့မှာ ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ နေပြည်တော်က လာရောက်တဲ့ စစ်ကောင်စီအဖွဲ့တို့ ပူးပေါင်းပြီး လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးရာမှာ လိုင်စင်မဲ့ယာဉ်အစီးရေ ရာချီ…

ထားဝယ်မြို့ဝင်ဂိတ်မှာ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေ စစ်သားစုဆောင်းခံနေရ

ထားဝယ်၊ ဇူလိုင် ၁၀ တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ စစ်ကောင်စီရဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေ ဖမ်းဆီးစစ်သားစုဆောင်းခံနေရတယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ ထားဝယ်နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ လူငယ်ခုနှစ်ဦးကို…

ရေဖြူမှာ စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ်သုံးဦးနဲ့ ဖခင်ဖြစ်သူသေဆုံး

ရေဖြူ၊ ဇူလိုင် ၁၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်သုံးဦးနဲ့ ဖခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ရေဖြူမြို့နယ် ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ခုနှစ်လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။…

နိုင်ငံ့တောင်ပိုင်းမှာ ဇွန်တစ်လအတွင်း အရပ်သား ၆၀ ကျော်သေဆုံး

မော်လမြိုင် ၊ ဇူလိုင် ၉ နိုင်ငံ့တောင်ပိုင်း ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဇွန်လအ တွင်း အရပ်သားပြည်သူ ၁၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆၃ ဦး သေဆုံးခဲ့တယ်လို့ ရာမညအင်စတီကျုသုတေသနဌာန RICE ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း တောင်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်အရေအတွက်၊ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်…

အိုးဘိုထောင်မှာ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

မန္တလေး၊ ဇူလိုင် ၉ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား တစ်ဦး အူအတက်ပေါက်ပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အိုးဘိုအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်လည်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေဟာ အူအတက်ပေါက်ရောဂါကြောင့် ဇူလိုင် ၈…

ယူကရိန်းသို့ လက်နက် ထပ်မံ ပေးပို့ရေး အတည်ပြုပြီးနောက် ထရန့်က ပူတင်ကို ဝေဖန်

ဝါရှင်တန်၊ ဇူလိုင် ၉ ယူကရိန်းသို့ အမေရိကန် ကာကွယ်ရေးလက်နက်များ ပေးပို့ရေး အတည်ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၈ ရက်မှာ ပြောကြားလိုက်ပြီး ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ရေး စဉ်းစားနေတယ်လို့ ပြောပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသူ အရေအတွက် ပိုများလာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင် အပေါ် စိတ်ပျက်နေပြီ…

အာဆီယံ အစည်းအဝေးမှာ အခွန်အတုပ်ကိစ္စ မလေးရှားဝန်ကြီးချုပ် ပြစ်တင်ရှုတ်ချ

ကွာလာလမ်ပူ၊ ဇူလိုင် ၉ အမေရိကန်၊ တရုတ်၊ ရုရှားတို့နဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်မယ့် သုံးရက်ကြာ အစည်းအဝေးအတွက် ကွာလာလမ်ပူမြို့မှာ ဇူလိုင် ၉ ရက်က ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ စုဝေးကြချိန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ကုန်သွယ်ရေးရာ အခွန်အတုပ်တွေကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မလေးရှားနိုင်ငံ မြို့တော်မှာ ဇူလိုင် ၁၁ ရက် ပြီးဆုံးမယ့် အာဆီယံရဲ့…

စစ်အာဏာသိမ်း (၁၆၁၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၇၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၉ AAPP ရဲ့ ဇူလိုင်၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၁၉) ရက်အတွင်း ပြည်သူ (၆၈၇၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၇၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…