Radio Than Lwin Times(Episode 10/12)
https://www.youtube.com/embed/VOVCNKMBGdU
လူအခွင့်ရေးချိုးဖောက်ခံနေရတဲ့ လူနည်းစုတိုင်းရင်းသားတွေ ဘဝရပ်တည်ဖို့ပင် အခက်အခဲ ရှိနေ
မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေပြည်သူကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာအပြင် အတင်းအဓမ္မပေါ်တာဆွဲတာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကြောင့် လူအခွင့်အရေးတွေ အကြီးအကျယ် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့…
ကျောင်းဖွင့်ပြီး တစ်လကျော်အထိ အထက်တန်းပြ မလုံလောက်လို့ သင်ကြားရေး အခက်တွေ့
မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) အထက်တန်းပြ ဆရာ၊ဆရာမတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် CDM လုပ်ဆောင်သွားတဲ့အတွက် သူတို့ နေရာတွေမှာ စစ်ကောင်စီက အစားပြန်ထိုးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ အခြေခံ ပညာကျောင်းတွေမှာ အထက်တန်းပြတွေ လုံလောက်မှု မရှိတဲ့အတွက် အလယ်တန်းပြ တချို့ကို သင်ပြခိုင်းနေရသလို တခြားကျောင်းတွေက ဆရာ၊ ဆရာမ တွေကိုလည်း ယာယီ လွှဲပြောင်းပြီး…
၂၀၀၅ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားစစ်သွေးကြွတစ်ဦးကို ထောင်ဒဏ် တသက်တကျွန်းချမှတ်
ဂျာကတာ၊ ဒီဇင်ဘာ ၁၀ ၂၀၀၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဈေးတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ပြီး အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်သည့် ကျူးလွန်သူကို ရှာဖွေဖမ်းဆီးပြီး အင်ဒိုနီးရှားရုံးတော်မှ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပါသည်။ Upik Lawanga ဟု အမည်ရသော အဆိုပါစစ်သွေးကြွပုဂ္ဂိုလ်သည် အယ်လ်ကိုင်ဒါ (Al-Qaeda) နှင့် အချိတ်အဆက်ရှိသော အရှေ့တောင်အာရှအကြမ်းဖက်အဖွဲ့ဖြစ်သည့် Jemaah Islamiah…
Radio Than Lwin Times(Episode 9/12)
https://www.youtube.com/embed/D2_MlBwZ1cE
စစ်ကောင်စီအနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရပ်တန့်ပြီး ပြည်သူဆန္ဒကို အမြန်ဆုံး အသိအမှတ်ပြုဖို့ လိုအပ်နေပြီးလို့ တိုင်းရင်းသားအင်အားကြီးပါတီတွေ ပြော
မော်လမြိုင် ၊ ဒီဇင်ဘာ (၁၀) အာဏာသိမ်း စစ်ကောင်စီဟာ မဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံတော် အာဏာကို မတရားရ ယူခဲ့တာ အခုဆိုရင် ၁၀ လကျော် ကြာမြင့်လာပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက် နည်းလမ်းမျိုးစုံ သုံးပြီး အပြစ်မဲ့ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေသလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ် တိုက်ခိုက်တာတွေ ဆက်တိုက်…
ဖုန်းခေါ်ဆိုခနှင့်အင်တာနက် ဈေးနှုန်း(၂)ဆနီးပါး မြင့်တက်လို့ အွန်လိုင်းအရောင်းအဝယ်လုပ်သူတွေ အခက်တွေ့
မော်လမြိုင် ၊ ဒီဇင်ဘာ (၁၀) စစ်ကောင်စီက ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာခ ဈေးနှုန်းကို နှစ်ဆနီးပါး တိုးမြှင့်လိုက်တာကြောင့် အရောင်းအဝယ်ပြုလုပ်ရာမှာ အခက်အခဲတွေ ရှိလာတယ်လို့ Online ကနေ အရောင်းအဝယ် ပြုလုပ်နေသူတွေက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာခတွေကို…
တရုတ်နှင့်ဆက်ဆံရေးကြောင့် အမေရိကန်ပြည်ထောင်စုမှ ကမ္ဘောဒီးယားနိုင်ငံအပေါ် လက်နက်ရောင်း ချမှု ပိတ်ပင်
ဖနွမ်ပင်၊ ဒီဇင်ဘာ ၉ မြန်မာ့စစ်တပ်အုပ်ချုပ်ရေးကို အဆက်မပြတ်ဖိအားပေးနိုင်ရန် တိုက်တွန်းဖို့ အမေရိကန်ပြည်ထောင်စု ၏ အဆင့်မြင့်အစိုးရအရာရှိတစ်ဦးအား အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံသို့ စေလွှတ်သည့်နေ့ မတိုင်ခင်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယားနိုင်ငံအား တရုတ်နှင့်ဆက်စပ်ပတ်သက်မှု၊ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်ပါသည်။ အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဌာနသည် ဒေသတွင်းလုံခြုံရေးကို အနှောက်အယှက် ပေးသည့်အပြင် ခြိမ်းခြောက်မှုများကိုပါဖြစ်စေသည့် တရုတ်စစ်တပ်၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ တုံ့ပြန်ရန် ကမ္ဘောဒီးယား နိုင်ငံအတွင်း…
ဖာပွန်မှာ KNLA နှင့် PDF တို့ပူပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်
မော်လမြိုင် ၊ ဒီဇင်ဘာ (၉) ဖာပွန်ခရိုင်ထဲက တိုက်ပွဲတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပူးပေါင်း တိုက်ခိုက်နေပြီးလို့ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။ ဖာပွန်ခရိုင်ထဲကို နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ကာလတွေတုန်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA သာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကစပြီး နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို…
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကို ဓာတ်ပုံရိုက်လို့ ထောင်ဒဏ် ၁နှစ် နှင့် ၃လ အမိန့်ချ
မော်လမြိုင် ၊ ဒီဇင်ဘာ (၉) မွေခွံအိတ်ထဲ ထုတ်ပိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းဓာတ်ပုံကို ရိုက်ကူးဖြန့်ဝေခဲ့တယ်ဆိုပြီး သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်း အဖွဲ့ဝင် ဦးကျော်ဝင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်နဲ့ ၃ လ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က KNU ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်မှာ…
