“ကျောင်းစာအုပ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်တွေလို့ ထင်ပါတယ်”

အိချယ်ရီအောင်/Myanmar Now မူလတန်းကျောင်း ဖတ်စာအုပ်၊ ရိုးရာဓလေ့၊ စံနှုန်းတွေထဲက အစိတ်အပိုင်းတချို့ဟာ အမျိုးသမီးများကို အကြမ်းဖက်အောင် အားပေးအားမြောက်ပြုနေတယ်လို့ Gender Equality Network (GEN) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအေးသဒ္ဒါလှက ပြောလိုက်ပါတယ်။

ရွေးချယ်ရမည့် စိုက်ပျိုးရေးစနစ်

အော်ဂဲန်နစ်စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို သံလွင်တိုင်းမ်မှာ အပတ်စဉ် ဖော်ပြသွားပါ့မယ်လို့ ပြီးခဲ့တဲ့အပတ် သံလွင်တိုင်းမ် အတွဲ (၅)၊ အမှတ် (၃၁) မှာ ကြိုတင်အသိပေးခဲ့ပါတယ်။

ရေးမြို့ရှေးဟောင်းကျုံးတော်ကြီးအတွင်း အဆိပ်မိသေဆုံးသည်ဟု ယူဆရသည့်ငါးများ ရာနှင့်ချီရှိနေ

ရေး ၊ စက်တင်ဘာ ၁၅ ရေးမြိုူ့၊ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးများရာနှင့်ချီသေဆုံးမှုရှိနေပြီး လူမှုအဖွဲ့အစည်းတာဝန် ရှိသူအချို့က ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

(၁၈၄) ကြိမ်မြောက် မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်လောင်းလှူပွဲပုံရိပ်များ

မော်လမြိုင်၊ စက်တင်ဘာ ၁၅ မော်လမြိုင်မြို့၏ (၁၈၄)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်လောင်းလှူပွဲကို စက်တင်ဘာ(၁၄)ရက်နေ့က ဇေယျာသီရိရပ်ကွက်မှ သာယာကုန်းရပ်ကွက်အထိ၊ စက်တင်ဘာလ(၁၅)ရက်နေ့က သာယာကုန်းရပ်ကွက်မှ သီရိမြိုင်ရပ်ကွက်အထိ သံဃာနှင့် သီလရှင် အပါး(၉၀၀၀)ကျော်အား မော်လမြိုင်မြို့သူ့/သားများမှ ဆွမ်းဆန်များလောင်းလှူခဲ့ကြသည်။ ဓါတ်ပုံ – တီအယ်လ်အေ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ခ) ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်လေ့လာသူတစ်ဦး၏အမြင်များ

မင်းအောင်ထူး (အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုလေ့လာသူ) အခုဆို ညီလာခံ ၂ ရက်ပြီးသွားပါပြီ။ အဲဒီမှာ လေ့လာသူတစ်ဦးအနေနဲ့ပြောရရင် အဖွင့်မှာ ပြောခဲ့ကြတဲ့ မူဝါဒဆိုင်ရာ အယူအဆတွေ ဒုတိယနေ့မှာ တင်ပြတဲ့ အဖွဲ့အသီးသီးရဲ့သဘောထားတွေကို ကြည့်ပြီး သုံးသပ်ရင် ဤခရီးမနီးသေးပါလို့ ပဲ ပြောရမယ်ထင်တယ်၊။

အချိန်ယူပါ၊ သေချာစွာဆွေးနွေးပါ။ အဖြေထွက်ပါစေ

အစိုးရသစ်ကြွေးကြော်သည့်အတိုင်း ၂၀၁၆၊ သြဂုတ်လကုန်ဖြစ်သည့် (၃၁)ရက်နေ့တွင် ၂၁ရာစုပင်လုံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်ခဲ့သည်။<!--more--> ယခင်တစ်ကြိမ်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၃)ဖွဲ့မှ လွဲပြီး အင်အားစုတော်တော်များများတက်ရောက်ခဲ့သည့် ညီလာခံဖြစ်ကာ ကမ္ဘာကအာရုံစိုက်သည့် ညီလာခံ တစ်ခုလည်းဖြစ်သည်။ ညီလာခံဒုတိယနေ့မှ စတင်ပြီး အင်အားစုအားလုံးမှ မိမိတို့၏ ရပ်တည်ချက်များ၊ သဘောထားများ၊ မျှော်မှန်းချက်များကို အသီးသီးဖော်ထုတ်ခဲ့ကြပြီး ကွဲလွဲမှုတော်တော်များများရှိသည်ကို အထင်းသားတွေ့ရှိရ သည်။ အရောင်အသွေးစုံသော နိုင်ငံရေးယူဆချက်အမျိုးမျိုးရှိသည်ဖြစ်သဖြင့်…

လယ်သမားလုပ်ပုဇွန်ချဉ်

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ ပင်လယ်ခရုအိုးကပ်ချက်ပဲဖြစ်ပါတယ်။ မိုးရာသီလယ်ကွက်ထဲမှရရှိသောပုဇွန်များကိုလယ်သမားများကပုဇွန်ချဉ်များလုပ်

ကွန်ပျူတာတစ်လုံး ဝယ်တော့မယ်ဆိုရင်

IT ခေတ်ဟု သိထားသည့်အတိုင်း IT ပစ္စည်းတွေ Electronic ပစ္စည်းတွေ ပေါများလာခဲ့တာ အားလုံးအသိပင်။ အဲ့ဒီထဲမှာပဲ Computer ကို တွယ်တွယ်အသုံးပြုလာကြပါတယ် Computer သည်လည်း Company အသီးသီး က အမျိုးအစားအစုံအလင်ထုတ်လုပ်လာကြတာတွေ့ရပါတယ် ဒါကြောင့် Computer တစ်လုံးဝယ်တော့မယ် ဆိုရင် သိထားသင့်သည့်အခြေခံအချက်အလက်များကို သံလွင်တိုင်းမ်ရဲ့စာဖတ်ပရိတ်သတ်တွေသိစေ ဖို့ဖော်ပြပေးလိုက်ပါတယ်။

“အာ ဝါ ဒေး” ကို “အထာ” ပေးသူများ

ဝရဇိန် (ပေါင်) မလှမ်းကမ်းကနေလှမ်းကြည့်လိုက်ရင်ပဲ ပူပြင်းတဲ့နေရောင်အောက်မှာ ဆိုင်ကယ်အစီး၅၀လောက်နဲ့ကား ၃/၄စီး ရပ်တန့်ထားတာကို တွေ့နိုင် ပါတယ်။ ပူပြင်းလှတဲ့နေအပူရှိန်အောက်က လယ်ကွင်းလွင်ပြင် တစ်ဧက လောက်မှာ ဟိုဟိုဒီဒီထိုးထားတဲ့ရွက်ဖျဉ်တဲတွေရှိနေပါတယ်။ ကွင်းထဲရောက် နေသူအားလုံးဟာ တစ်နည်း မဟုတ်တစ်နည်းနဲ့ ဝိုင်းတစ်ခုခုမှာ စုအုံဝိုင်းဖွဲ့နေကြတာကိုတွေ့နိုင်ပါတယ်။