မော်လ်ဒိုက်မှာ တပ်စွဲထားတဲ့ အိန္ဒိယတပ်သားတွေ ဖယ်ရှားဖို့ စတင်ဆွေးနွေး
မော်လ်ဒိုက်၊အောက်တိုဘာ(၂၉) မော်လ်ဒိုက်ဒေသမှာ တပ်စွဲထားတဲ့ အိန္ဒိယစစ်တပ်ဖယ်ရှားပေးဖို့ သက်ဆိုင်ရာအစိုးရနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မော်လ်ဒိုက်သမ္မတ မိုဟာမက်မာဇီက ပြောကြားလိုက်ပါတယ်။ အိန္ဒိယတပ်တွေကို ဖယ်ရှားရေးအစီအစဉ်ဟာ ပြီးခဲ့တဲ့လက သမ္မတဟောင်း အီဘရာဟမ်ကိုဆိုလစ်ကို ဖြုတ်ချခဲ့တဲ့ သမ္မတမာဇီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ထောက်ပံ့ထားတဲ့ ရေဒါစနစ်နဲ့ ထောက်လှမ်းရေယာဉ်တွေမှာ အိန္ဒိယစစ်ဘက်အရာရှိ ၇၀ လောက်ဟာ မော်လ်ဒိုက်ဒေသရဲ့ အထူးစီးပွားရေးဇုန်ကို စောင့်ကြပ်နေခဲ့တာပါ။…