နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ အခြေခံလုပ်ခလစာနှုန်းထားအသစ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်မယ်

ဘန်ကောက်၊ နိုဝင်ဘာ ၉ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းထားကို လာမယ့် ဒီဇင်ဘာလအတွင်း ကြေညာသွားဖို့ရှိနေပြီး အဲဒီနှုန်း ထားအသစ်ဟာ တစ်ရက်လျှင် ဘတ် ၄၀၀ ထက်လျော့တဲ့ ပမာဏသာ ဖြစ်နိုင်မယ်လို့ ထိုင်းလုပ်သားဝန်ကြီးက ပြောပါတယ်။ စီးပွားရေးအခြေအနေနဲ့ နေထိုင်စရိတ်တွေအပေါ်မူတည်ပြီး ခရိုင်ဒေသန္တရတစ်ခုနဲ့တစ်ခုရဲ့ လုပ်ခလစာ သတ်မှတ်ချက်အသစ်တွေဟာ ပြောင်းလဲနိုင်တယ်လို့ သူကပြောကြားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစပြီး…

ဂါဇာဒေသ ပဋိပက္ခအလွန်အခြေအနေကို G-7 ထိပ်တန်းသံတမန်တွေဆွေးနွေး

တိုကျို၊ နိုဝင်ဘာ ၉ ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခတွေ လျော့ပါးပြီးနောက် စစ်ပွဲအလွန်ကာလအခြေအနေနဲ့ ပတ်သက် ပြီး G-7 နိုင်ငံခြားရေးဝန်ကြီးတွေ တိုကျိုမြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ ဆွေးနွေးမှုတွေမှာတော့ ပဋိပက္ခအလွန် ဂါဇာမှာ နိုင်ငံစုံတပ်ဖြန့်ချထားဖို့၊ ဟားမတ်စ် စစ်သွေးကြွတွေကို ဖယ်ရှားပြီး ယာယီပါလက်စတိုင်းဦးဆောင်တဲ့ အုပ်ချုပ်ရေးထူထောင်ဖို့နဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေက လုံခြုံရေးနဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍအပါအဝင် ကုလသမဂ္ဂနယ်မြေဆိုင်ရာ ယာယီကြီးကြပ်မှုတို့…

ပါလက်စတိုင်းအတွက် ဂျပန်အစိုးရ ဒေါ်လာ ၆ သန်းနီးပါး ကူညီမယ်

တိုကျို၊ နိုဝင်ဘာ ၈ ဂါဇာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ပါလက်စတိုင်းတွေ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်ကို ကူညီပေးနိုင်ဖို့အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး ထောက်ပံ့ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါက ပြောပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနဲ့ဂျော်ဒန်ကို အလည်ပတ်ရောက်နေချိန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူအနေနဲ့ အစ္စရေးနဲ့ပါလက်စတိုင်း နှစ်နိုင်ငံစလုံးရဲ့…

လေထုညစ်ညမ်းမှုထိန်းချုပ်ဖို့ နယူးဒေလီမှာ မော်တော်ယာဉ်အသုံးပြုမှု ကန့်သတ်မယ်

နယူးဒေလီ၊ နိုဝင်ဘာ ၈ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှုတွေ မြင့်တက်နေတာကြောင့် မော်တော်ယာဉ်အသုံးပြုမှုကို တစ်ပတ်ကြာ ကန့်သတ်သွားမယ်လို့ ဒေသန္တရအစိုးရ သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀ ရက်နေ့အထိ တစ်ပတ်ကြာ မော်တော်ယာဉ်အသုံးပြုမှုတွေ ကန့်သတ်သွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ စည်းကမ်းချက်တွေထဲမှာ ဂဏန်းနံပါတ်ပြားပါတဲ့ ယာဉ်တွေကို ထူးခြားရက်စွဲတွေနဲ့ ပြေးဆွဲခွင့် ပေးသွားမှာဖြစ်ပေမယ့်…

တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ပေးမယ်လို့ စစ်ကောင်စီ ကတိပေး

ရန်ကုန်၊နိုဝင်ဘာ ၈ မြန်မာနိုင်ငံ၊ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၄ ဦးကို နေရပ်ပြန်နိုင်ရေး ကူညီပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထိုင်းဒုတိယရဲချုပ်ကို ကတိပေးခဲ့ပါတယ်။ ထိုင်းဒုရဲချုပ်မစ္စတာဆူရောချေ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ကိုသွားရောက် ပြီး စစ်ကောင်စီရဲ့ ရဲအရာရှိတွေနဲ့ တွေ့ဆုံပြီးနောက် လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား တွေ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့တာပါ။ လောက်ကိုင်မှာပိတ်မိနေတဲ့…

ဇီလန်စကီးက ကန်သမ္မတဟောင်းထရန့်ကို ယူကရိန်းလာဖို့ ဖိတ်ကြား

ဝါရှင်တန်၊ နိုဝင်ဘာ ၇ ယူကရိန်းသမ္မတ ဇီလန်စကီးက ရန်ပုံငွေတွေပိုမိုကူညီပံ့ပိုးပေးဖို့ အမေရိကန်ကို တောင်းဆိုထားခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ကိုလည်း စစ်ပွဲအတိုင်းအတာ သိရှိနိုင်အောင် ကိုယ်တိုင်လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အမေရိကန်ကသာ ယူကရိန်းစစ်ပွဲကို ထောက်ခံမှုမပေးရင် ရုရှားအနေနဲ့ ပိုကြီးတဲ့ဥရောပရဲ့ပဋိပက္ခမှာ အမေရိကန်စစ်သားတွေကိုပါ ဆွဲခေါ်သွားလိမ့်မယ်လို့ ဇီလန်စကီးက ပြောကြားခဲ့တာပါ။ “ရုရှားက ငါတို့အားလုံးကို သတ်နိုင်ခဲ့မယ်ဆိုရင် သူတို့က နေတိုးနိုင်ငံတွေကို တိုက်ခိုက်လိမ့်မယ်၊ အဲဒီခါကျရင်…

တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း အာဖဂန်မှာ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းအထိကျဆင်း

ကာဘူးလ်၊ နိုဝင်ဘာ ၇ အာဖဂန်နစ္စတန်ကို တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တာလီဘန်တွေဟာ အာဖဂန်ကိုထိန်းချုပ်ပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွေကို အဆုံးသတ်မယ်လို့ ကြုံးဝါးထားတာပါ။ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး UNODC ရဲ့ အစီရင်ခံစာအရ အာဖဂန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်က နှစ်သိန်းသုံးသောင်းရှိခဲ့ရာကနေ ဒီနှစ်မှာတော့ တစ်သောင်းသာ…

ဓားစာခံတွေ ပြန်မလွှတ်မချင်း အပစ်မရပ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်ပြော

ဂျေရုစလင်၊ နိုင်ဝင်ဘာ ၇ ဟားမတ်စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၄၀ ကျော်ကို ပြန်မလွှတ်ပေးမချင်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အစ္စရေးတပ်တွေဟာ နိုဝင်ဘာ ၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတွေကို ပယ်ချပြီး ဟားမတ်စ်အဖွဲ့အပေါ် စစ်ဆင်ရေးအရှိန်မြှင့်တင်ဖို့ လုပ်ဆောင်နေတယ်လို့ ကျွမ်းကျင်သူတွေကလည်း သုံးသပ်ထားတာပါ။ “ဓားစာခံတွေ ပြန်မပေးဘဲ အပစ်အခတ်ရပ်စဲရေးဆိုတာ…

ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကြား နှစ်နိုင်ငံပူးပေါင်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ သဘောတူ

မနီလာ၊ အောက်တိုဘာ ၅ ဂျပန်နဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ လက်လှမ်းမီခွင့်နဲ့ တပ်ဖွဲ့တွေအချင်းချင်းအပြန်အလှန်ဖလှယ်နိုင်မယ့် ပူးပေါင်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီချက်ကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်မှုဟာ တရုတ်ရဲ့ ရန်လိုမုန်းထားတဲ့ ဆောင်ရွက်ချက်တွေ တိုးမြှင့်လာချိန်နဲ့ ဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ တင်းမာမှုတွေမြင့်တက်ချိန်မှာပဲ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂျပန်နဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တို့ဟာ အရှေ့နဲ့တောင်တရုတ်ပင်လယ်အတွင်းရှိ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ကြိုးစားလာတဲ့…