နိုင်ငံတကာ

ဇွန်လ (၁)ရက်နေ့မှစပြီး ရှန်ဟိုင်းကို ယခင်အခြေအနေအတိုင်းပြန်ဖြစ်ဖို့ ပြင်ဆင်နေ

ရှန်ဟိုင်း၊ မေ ၁၇ ၁၅ ခရိုင်၌ ကွာရန်တင်းဧရိယာပြင်ပတွင် ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ပြီလို့ ကြေညာပြီးနောက် ရှန်ဟိုင်းမြို့ကို ပုံမှန်အခြေအနေပြန်လည်စတင်နိုင်ရန်အတွက် ဇွန် ၁ ရက်မှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားကြောင်း မြို့တော်အရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒုတိယမြို့တော်ဝန် Zong Ming က နေ့စဉ်အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် မြို့တော်၏ခြောက်ပတ်ကျော် လော့ဒေါင်း လုပ်ထားခဲ့ခြင်းကြောင့် လူပေါင်း…

အင်ဒိုနီးရှားလို ကျောက်မီးသွေးအပေါ်မှီခိုနေရတဲ့ နိုင်ငံတွေကို G7 ကူညီမယ်

ဂျာကာတာ – မေ(၁၇) အင်ဒိုနီးရှားနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကျောက်မီးသွေးသုံးစွဲမှုဖယ်ရှားနိုင်ဖို့အတွက် အထောက်အပံ့ဖြစ်စေဖို့ ကနဦးဆောင်ရွက်ချက်တစ်ရပ် ချဲ့ထွင်သွားမယ်လို့ G7 အဖွဲ့ဝင် နိုင်ငံတွေက ပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွင်း ကာဗွန်လျှော့ချရေးဖြစ်စဉ်ကို အရှိန်အဟုန်မြင့်တင်ဖို့ တွန်းအားတစ် ရပ်အနေနဲ့ ကျောက်မီးသွေးအခြေပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှ အသစ်ပြန်လည် ဖြစ်ပေါ် လာနိုင်တဲ့ စွမ်းအင်သိုကူးပြောင်းနိုင်ရေးအတွက် G7 အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့ကိုကူညီသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့…

မဲလွှဲပြောင်းပေးရေးနည်းလမ်းကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းကို ဆန့်ကျင်ရေးသမားများတိုက်ခိုက်

ဘန်ကောက် – မေ(၁၇) ၂၀၁၃ ခုနှစ် ဘန်ကောက်အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲမှာ နောက်ဆုံးအကြိမ်အသုံးပြခဲ့ တဲ့ ဆန္ဒမဲပေးပုံနည်းလမ်းတွေကို တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူ Chadchart Sittipunt က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်မှာတော့ အတိုက်အခံတွေက ဝေဖန်မှုတွေထွက်ေပေါ်လာခဲ့ပါတယ်။ လက်ရှိလူကြိုက်များနေတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း Chadchart Sittipunt ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နီးစပ်သူဖြစ်တယ်လို့ အတိုက်အခံပါတီဝင်တွေက ထင်မြင်နေ ကြပြီး လက်နက်ကိုင်တပ်ဖွဲ့လုံခြုံရေးစင်တာ အကြီးအကဲဖြစ်သူ…

ရုရှားက ဖင်လန်ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်

မော်စကို – မေ(၁၆) ဖင်လန်နိုင်ငံက နေတိုးအဖွဲ့ကိုဝင်ဖို့ အားထုတ်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်လာပြီး နောက် မှာတော့ ဖင်လန်နိုင်ငံကို လျှပ်စစ်ဓာတ်အားပေးဝေမှုကကို ရုရှားက ဆိုင်းငံ့ထားမှာဖြစ် တယ်လို့ ရောင်း ချသူတစ်ဦးက ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံပိုင် RAO ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ RAO Nordic က မေလ(၁၄) ရက်နေ့ကစပြီး လျှပ်စစ်ဓာတ် အားတင်သွင်းမှုကို မဖြစ်မနေရပ်ဆိုင်းထားရမှာဖြစ်တယ်လို့…

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်မှာ တွေ့ဆုံ

ဝါရှင်တန် – မေ(၁၆) မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဒူလာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး အာဆီယံဒေသတွင်း အရှေ့တောင်အာရှနိုင်ငံ တစ်ခုက ခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ်အဖြစ်ပွင့်လင်းတဲ့ တွေ့ဆုံမှု တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဆိုင်ဖူဒင်ရဲ့ တွစ်တာစာမျက်နှာမှာ ပြီးခဲ့တဲ့ စနေနေ့က ဖော်ပြထားတဲ့ အဲ့ဒီအစည်းအဝေးကို အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ နိုင်ငံ တို့အကြားကျင်းပတဲ့ နှစ်ရက်တာ ထိပ်သီးတွေ့ဆုံပွဲနဲ့…

နိုင်ငံပြန်လည်တည်ဆောက်ဖို့အတွက် ရုရှားပိုင်ဆိုင်မှုကို သိမ်းယူဖို့ G7 ကို ယူကရိန်းတောင်းဆို

ကိဗ်ယက် – မေ(၁၅) ချမ်းသာကြွယ်ဝတဲ့ နိုင်ငံစု G7 အဖွဲ့က ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး လနဲ့ချီကြာနေတဲ့ စစ်ပွဲအပြီး နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ပြောပါတယ်။ ဂျာမနီးနိုင်ငံမှာ ကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် သူက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “သူတို့ရဲ့ ဆွေးနွေးမှုမှာ ကျွန်တော်တို့…

ကိုဗစ် – 19 ကူးစက်မှုကြောင့် မြောက်ကိုရီးယားမှာ သေဆုံးသူခြောက်ယောက်ရှိပြီ

ပြုံယမ်း – မေ(၁၅) မြောက်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-19 ကြောင့် သေဆုံးသူ(၆) ယောက်အထိရှိပြီး လူပေါင်း (၁၈၇၈၀၀) ဦး ကွာရန်တင်းဝင်နေရတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပြီး အဲ့ဒီသတင်း ရုပ်သံမှာ ကင်မ်ဂျုံအမ်ဟာ ပထမဆုံး အကြိမ်အဖြစ် နှာခေါင်းစည်း ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို ငြင်းဆန်ထားတဲ့ မြောက်ကိုရီးယားမှာ ပထမဦးဆုံးကူးစက်မှုဖြစ်စဉ်ထွက်ပေါ်လာချိန်မှာ…

သမ္မတ ဘိုင်ဒန် ရဲ့ အာရှခရီးစဥ်မှာ ကိုရီးယားစစ်မဲ့ဇုန်ကို သွားရောက်မယ်

ဝါရှင်တန် – မေ(၁၅) အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အာရှခရီးစဉ်အတွင်း ကိုရီးယားစစ်မဲ့ဇုန် ကို သွားရောက်ဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော်သတင်းထောက် ဂျန်ပဆာကီက မေလ(၁၂) ရက်နေ့က ပြောခဲ့ပါတယ်။ ဘိုင်ဒန်ဟာ တောင်ကိရီးယားနဲ့ ဂျပန်နိုင်ငံတွေကို မေလ(၂၀) ရက်နေ့ကနေ (၂၄) ရက် အထိ သွားရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့…

လာမည့် ၂၀၂၄ ရွေးကောက်ပွဲမှာ ထရန့် ထက် သဘောထားကွဲလွဲမှုနည်းသော ကိုယ်စားလှယ်လောင်းကို ပိုနှစ်သက်တယ်လို့ အီလွန်မာ့စ် ဆို

ဝါရှင်တန် ၊ မေ (၁၄) ဘီလျံနာ အီလွန်မာ့စ်ခ်သည် သမ္မတဟောင်း ဒေါ်နယ်ထရန့်အပေါ် တွစ်တာ မှ တစ်သက်သာ သုံးစွဲခွင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းပေးစေလိုခြင်းဟာ လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုမှာ ထရန့်ကို ထောက်ခံသည်ဟု မဆိုလိုဘူးလို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရှင်းလင်း ရေးသားခဲ့ပါတယ်။ ထရန့်အား ပိတ်ပင်ရန် တွစ်တာရဲ့ ဆုံးဖြတ်ချက်ဟာ…

စင်ထန့်ဂရုက ပတ္တရာကမ်းခြေမှာ သဘာဝပန်းခြံနဲ့ တွဲစပ်ထားတဲ့ ကုန်တိုက် တည်ဆောက်မယ်

ဘန်ကောက် – မေ(၁၄) ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး လက်လီအရောင်ဆိုင်လုပ်ငန်း စင်ထန့်လုပ်ငန်းစု(Central Group) က ကိုဗစ်ကပ်ဘေးအလွန်နိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ပတ္တရာကမ်းခြေမျက်နှာစာမှာ ကမ်းခြေအပန်းဖြေမြို့တော်ရဲ့ သဘာဝ ပန်းခြံနဲ့ တွဲစပ်ထားတဲ့ ကုန်တိုက်တစ်ခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။ စင်ထန့်လုပ်ငန်းစုဟာ စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေပါဝင်မယ့် အဲ့ဒီအဆောက်အုံအတွက် ဝန်ဂါမတ်ကမ်းခြေမှာ ဘတ်(၃) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ မျှော်မှန်းထားတာပါ။…