ဩစတြေးလျကို သံတမန်ရေးအဆင့်လျှော့ချမယ်လို့ မြန်မာစစ်ကောင်စီခြိမ်းခြောက်
နေပြည်တော် – မေ(၂၁) မြန်မာနိုင်ငံအတွင်း မကြာသေးခင်က လစ်လပ်သွားတဲ့ ဩစတြေးလျ သံအမှတ်နေရာကို အစားထိုးမှာမဟုတ်ဘူးလို့ ဩစတြေးလျအစိုးရက ကြေငြာခဲ့ပြီးနောက် စစ်ကောင်စီက သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ဖြစ်ပေါ် စေဖို့အနောက်နိုင်ငံအစိုးရတွေက ဦးဆောင်ခဲ့ပြီးနောက် အရပ်သားတွေအပေါ်ပြင်းထန်တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ချိန်မှာတော့ နိုင်ငံတကာအစိုးရတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို အတိုက်ခံအစိုးရနဲ့လည်း တွေ့ဆုံထားပါတယ်။ ကန်ဘာရာအစိုးရဟာ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးခဲ့တဲ့…