ထိုင်းဘတ်ငွေဈေး ကြီးမြင့်မှုကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်း အများစု ရပ်နားထား
မော်လမြိုင် ၊ သြဂုတ် (၁၇) စစ်ကောင်စီရဲ့ ငွေကြေးမူဝါဒ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာဈေးနဲ့အပြိုင် ထိုင်းဘတ်ငွေဈေး အဆမတန် မြင့်တက်လာနေတဲ့အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းအများစု ရပ်နားထားကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ထိုင်းငွေကြေးဟာ ဩဂုတ် ဒုတိယအပတ်အတွင်း တစ်ဘတ်ကို မြန်မာကျပ်ငွေ ၈၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာပြီးနောက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအများစု ရပ်နားလာကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့…
