ဘေးတွဲဆိုင်ကယ်နှင့်တိုက်မိသူ သစ်တောဝန်ထမ်းဒဏ်ရာပြင်းထန်စွာရရှိ
ပေါင်၊ ဇူလိုင် ၁၃ ဘေးတွဲဆိုင်ကယ်တစ်စီးနှင့် သစ်တောဝန်ထမ်းမောင်းလာသော ဆိုင်ကယ်တစ်စီးတို့မျက်နှာချင်းဆိုင် တိုက်မိကြရာမှ လူတစ်ဦးသေဆုံးသွားပြီး ဆိုင်ကယ်မောင်းလာသူသစ်တော ဝန်ထမ်းမှာလည်း ဦးခေါင်းနှင့် ရင် ဘတ်တို့တွင် စိုးရိမ်ရသည့်ဒဏ်ရာများရရှိကာ ဆေးရုံတွင်ကုသနေရသောဖြစ်ရပ်တစ်ခု ပေါင်မြို့နယ်တွင် ဇူလိုင်(၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည်။