မွန်ပြည်နယ်မှာ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးသာ ပြန်လွတ်လာ
မော်လမြိုင်၊ မေ(၄) မွန်ပြည်နယ်မှာ စစ်ကောင်စီက ကဆုန်လပြည့်နေ့မှာကျရောက်တဲ့ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လွတ် ငြိမ်းပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၂၆ ဦးသာ ပါဝင်တယ်လို့ စစ်ကောင်စီလက် အောက်ခံအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီက လွတ်ငြိမ်းနဲ့ ပြန်လည်လွှတ်ပေးလိုက်သူတွေထဲမှာ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၂ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄ ပါဝင်ပြီး အများစုဟာ…
