နိုင်ငံတကာ

ဆီးရီးယားမှာ အိုင်အက်စ်အဖွဲ့ အင်အား ပြန်လည်တည်ဆောက်လာနိုင်တယ်လို့ အမေရိကန် သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ဆီးရီးယားမှာ အိုင်အက်စ်အဖွဲ့ အင်အား ပြန်လည်တည်ဆောက်ဖို့ အခုအချိန်ကာလကို အသုံးချလာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က သတိပေးလိုက်ပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ ဖိအားကြောင့် ဆီရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် မော်စကိုမြို့ကို ထွက်ပြေးသွားခဲ့ရပြီးနောက် တော်လှန်ရေးခေါင်းဆောင်တွေက အားလုံး ပါဝင်တဲ့ အုပ်ချုပ်မှုစနစ် တည်ထောင်မယ်လို့ ပြောဆိုထားပါတယ်။ ဆီးရီးယားမှာ…

ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သားတွေကို မြန်မာဘက်က ပြန်မလွှတ်သေး

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ စစ်ကောင်စီဆီကနေ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ စောင့်ဆိုင်းနေရတာကြောင့် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ ရေလုပ်သားတွေရဲ့ ကံကြမ္မာ မသေချာ မရေရာ ဖြစ်နေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရနောင်မြို့အနီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် အဲဒီ ရေလုပ်သားတွေ လွတ်မြောက်နိုင်ဖို့ ဒေသဆိုင်ရာ အရာရှိတွေမှာ လုပ်ပိုင်ခွင့် အာဏာမရှိဘူးလို့ ဆိုပါတယ်။ အဲဒီ…

မင်းဘူး ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထား

မကွေး ဒီဇင်ဘာ ၉ မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအနီးမှာ စစ်ကောင်စီက လုံခြုံရေး တိုးချတာ၊ လက်နက်ကြီး အထိုင်ချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစပြီးတော့ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့ကစလို့ လုံခြုံရေးထပ်ပြီးချလာတာ ဖြစ်ပါတယ်။ “အများစုကတော့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများပါတယ်။…

လွှတ်တော် ဝင်ရောက် စီးနင်းသူတွေကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၉ လာမယ့်လ သမ္မတ ရာထူး စတင် လက်ခံတဲ့ ပထမဆုံးရက်မှာပဲ ၂၀၂၁ ခုနှစ်တုန်းက လွှတ်တော်ထဲ ဝင်ရောက် စီးနင်းသူတွေကို ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။ လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့သူတွေဟာ ငရဲခန်းတွေထဲမှာ နေနေရတယ်လို့ ထရန့်က…

နိုင်ငံကနေ ထွက်ပြေးလာတဲ့ ဆီးရီးယား သမ္မတကို ရုရှား ခိုလှုံခွင့်ပေးမယ်

မော်စကို၊ ဒီဇင်ဘာ ၉ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ ဒမတ်စကတ်မြို့က ထွက်ပြေးလာပြီးနောက် မော်စကိုသို့ ရောက်ရှိနေကြောင်း ရုရှား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ အာဆတ် အစိုးရရဲ့ အဓိက မဟာမိတ် ရုရှားက ဆီးရီးယားသမ္မတနဲ့ သူ့ရဲ့ မိသားစုကို ခိုလှုံခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ HTS က…

မဟာမိတ် ဘီလာရုစ်နိုင်ငံကို လုံခြုံရေး အာမခံချက်ပေးဖို့ ရုရုား သဘောတူ လက်မှတ်ရေးထိုး

မော်စကို၊ ဒီဇင်ဘာ ၇ ရုရှားက အရင်းနှီးဆုံး မဟာမိတ် ဘီလာရုစ်နိုင်ငံကို ပြည်ပနိုင်ငံတွေက ရန်စလာရင် မော်စကိုရဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုနိုင်ခြေ အပါအဝင် လုံခြုံရေး အာမခံချက်ပေးတဲ့ သဘောတူစာချုပ်ကို သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၆ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ အနောက်တိုင်းနဲ့ ရုရှားကြား တင်းမာမှု…

စစ်အုပ်ချုပ်ရေးအမိန့် ထပ်မထုတ်တော့ဘူးလို့ တောင်ကိုရီးယား သမ္မတ ကတိပြု

ဆိုးလ်၊ ဒီဇင်ဘာ ၇ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုလ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း သူ့အနေနဲ့ နောက်ထပ် အဲဒီလိုအမိန့်ထုတ်တော့မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာချက် ထွက်လာပြီးနောက် တောင်ကိုရီယား လွှတ်တော်အမတ်တွေက အမျိုးသားလွှတ်တော် အစည်းအဝေး ချက်ချင်း ခေါ်ယူပြီး…

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြို့ကြီးတစ်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ဟာမာ၊ ဒီဇင်ဘာ ၆ သမ္မတ ဘာရှာ အယ်လ် အာဆတ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုအနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြောက်မြို့ကြီး ဟာမာမြို့ကနေ အစိုးရ စစ်သားတွေ ဆုတ်ခွာသွားပြီးနောက် အဲဒီမြို့ကြီးကို ရာနှုန်းပြည့် ထိန်းချုပ်ထားလိုက်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဟာမာမြို့ကို အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ကြောင်း HTS တပ်ဖွဲ့ အကြီးအကဲက ကြေညာပြီး လက်စားချေမှုရှိမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။…

ဂါဇာမှာ အစ္စရေး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ AI အဖွဲ့ စွပ်စွဲ

ဂါဇာမှာ အစ္စရေး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ AI အဖွဲ့ စွပ်စွဲ လန်ဒန်၊ ဒီဇင်ဘာ ၆ ပြီးခဲ့တဲ့နှစ်က စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဂါဇာမှာ အစ္စရေးက လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က စွပ်စွဲလိုက်ပြီး မိမိတို့ရဲ့ အစီရင်ခံစာအသစ်ဟာ ကမ္ဘာကြီးအတွက် လှုပ်နှိုးချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။…

အယုံအကြည်မရှိ အဆို မဲခွဲပြီးနောက် ပြင်သစ် အစိုးရ ပြိုလဲ

ပါရီ၊ ဒီဇင်ဘာ ၅ အယုံအကြည်မရှိ အဆို မဲခွဲမှုအတွင်း ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ် ဘာနီယာ ထုတ်ပယ်ခံရပြီးနောက် အစိုးရတစ်ခုလုံး ပြိုလဲသွားပြီ ဖြစ်ပါတယ်။ သမ္မတ မက်ကရွန်က မိုက်ကယ်ဘာနီယာကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး သုံးလအကြာမှာပဲ သူ့အပေါ် အယုံအကြည် မရှိကြောင်း အဆိုကို လွှတ်တော် အမတ်တွေ တခဲနက် ထောက်ခံခဲ့ကြပါတယ်။ ဗြိတိန်က အီးယူကနေ…