နိုင်ငံတကာ

ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုတွေရှိနေတဲ့အတွက် ပီရူးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရာထူးက နုတ်ထွက်

လီမာ – ဒီဇင်ဘာ(၁၈) သမ္မတ ပက်ဒရို ကတ်စတီးလို ရာထူးက ဖယ်ရှားဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် နိုင်ငံ အတွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး လူသေဆုံးမှုတွေကြောင့် ကက်ဘ်ိနက်အဖွဲ့ဝင်(၂) ဦး ရာထူးကနုတ်ထွက်ခဲ့တဲ့အတွက် ပီရူးနိုင်ငံရဲ့ အစိုးရသစ်မှာ ဖိအားတွေ မြင့်တက်လာပါတယ်။ ပညာရေးဝန်ကြီးနဲ့ ယဉ်ကျေးမှုဝန်ကြီးတို့က ဆူပူအုံကြွမှုတွေအတွင်း လူသေဆုံးခဲ့ရတဲ့အတွက် သူတို့ရဲ့ နုတ်ထွက်စာတွေကို တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့တာပါ။ “ဒီနေ့မနက်မှာ ပညာရေးဝန်ကြီးရာထူးကနေ…

ထိုင်းထီးနန်း အမွေဆက်ခံခွင့်ရှိတဲ့ အိမ်ရှေ့မင်းသမီး နှလုံးရောဂါကြောင့် ဆေးရုံတင်ထားရ

ဘန်ကောက် – ဒီဇင်ဘာ(၁၈) နှလုံးရောဂါအခြေအနေကြုံတွေ့ ခဲ့ရတဲ့ ဘုရင် မဟာဗီဂျာရာလောင် ကွန်းရဲ့ အကြီးဆုံးသမီး လျင်မြန်စွာ ကောင်းမွန်နိုင်ဖို့အတွက် ဆုတောင်းဖို့ ထိုင်းဝန်ကြီးချုပ် အပါအဝင် အကြီးတန်း ခေါင်းဆောင်တွေနဲ့ ဆုတောင်းသူတွေဆေးရုံကို ရောက်ရှိခဲ့ကြပါတယ်။ အသက်(၄၄) နှစ်အရွယ် မင်းသမီး ဘာဂျရာကိတိတိရာပ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်ရတ်ချာ ဆီမာ ခရိုင်ဒေသန္တရ ကို ရောက်ရှိချိန် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ…

မလေးရှားနိုင်ငံ ဆီလန်ဂေါမှာမြေပြိုမှုဖြစ်ပွား၊ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် ၁၈ဦးသေဆုံး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ(၁၇) မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမြို့အနီးက ဆီလန်ဂေါပြည်နယ် အပန်းဖြေစခန်းချရာတောင်ကုန်း တစ်ခုက အော်ဂဲနစ်စိုက်ခင်းတစ်ခုအတွင်း မြေပြိုကျလို့ လူပေါင်းတစ်ဒါဇင်ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူတွေအများပြားရှိနေပါတယ်။ မြေပြိုကျမှုဟာ ဒီဇင်ဘာ(၁၆)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ကွာလာလမ်ပူရဲ့မြောက်ဘက် ကီလိုမီတာ 50 (မိုင် ၃၀ခန့်)အကွာမှာရှိတဲ့ ဆီနီဂေါပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ရေတံခွန်တွေနဲ့ သဘာဝအလှတရားတွေကြောင့် လူသိများတဲ့ Genting Highlands ရဲ့ တစ်ဖက်မှာရှိတဲ့ ဘတ်တန်မြို့မှာ…

တွစ်တာက အထင်ကရ ဂျာနယ်လစ်တွေရဲ့ အကောင့်တွေကို ပိတ်သိမ်း

ဝါရှင်တန် – ဒီဇင်ဘာ(၁၇) အားလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ထုတ်ဝေတာကို တားမြစ်တဲ့ စည်းမျဉ်း ဥပဒေ တွေနဲ့ သတင်းထောက်တွေကို ပြောဆိုခဲ့တဲ့ တွစ်တာပိုင်ရှင် ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်စ် အကြောင်း ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သတင်းထောက်တွေရဲ့ တွစ်တာအကောင့်တွေ ပိတ်သိမ်း ခံလိုက်ရပါတယ်။ အကောင့်ဆိုင်းငံ့ခံရတာနဲ့ ပတ်သက်ပြီး တွစ်တစ်ခုကို တုံ့ပြန်တဲ့ အနေနဲ့ သူ့ကိုယ်သူ လွတ်လပ်စွာ…

ဂျပန်စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုပေါင်း ၁၀၀ ကျော် စုံစမ်းတွေ့ရှိ

တိုကျို- ဒီဇင်ဘာ (၁၇) ဂျပန်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် ကြာသပတေးနေ့မှာ စစ်မှုထမ်းငါးဦးကို လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုတွေပြုလုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် သူတို့ကိုထုတ်ပယ်ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု တိုင်ကြားချက်ပေါင်း ၁၀၀ကျော်ကို လက်ခံရရှိပြီးတဲ့နောက်မှာ စစ်တပ် အတွင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ စစ်သားဟောင်းတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအ ပါအဝင် အခြားလေးဦးကိုပါ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောကြားခဲ့တာပါ။…

ယူကရိန်းကို ပက်ထရွိုက်လေကြောင်းကာကွယ်ရေးစနစ် မစ်ဇိုင်းဒုံးတွေပေးပို့ဖို့ အမေရိကန်စီစဉ်

ဝါရှင်တန်၊ ဒီဇင်ဘာ(၁၅) ယူကရိန်းကို ပက်ထရွိုက်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေပေးဖို့ အမေရိကန်ကစီစဉ်နေပြီး သမ္မတ ဂျိုးဘိုင်ဒင်က အခုသီတင်းပတ်အတွင်း အဲဒီအစီအစဉ်ကို ကြေညာနိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ အရပ်သားအမြောက်အများသေဆုံးစေပြီး အဓိကကျတဲ့ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ယူကရိန်းဟာ အချိန်အတော်ကြာအောင် လေကြောင်းရန်ကာကွယ်ရေး အထောက်အပံ့ကို တောင်းဆိုနေခဲ့တာပါ။ ပက်ထရွိုက်ဟာ အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေထဲကတစ်ခုဖြစ်ပြီး ယူကရိန်းအတွက် ဘယ်ရွေ့၊…

တရုတ်မှာ စျေးအလုအယက် ဝယ်တာတွေလျော့ကျစေဖို့ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့

ပေကျင်း – ဒီဇင်ဘာ(၁၆) ကိုဗစ်ကန့်သတ်ချက်တွေကြောင့် အလုအယက်စျေးဝယ်ယူမှုတွေ ကြုံတွေလာရတဲ့ တရုတ် အာဏာပိုင်တွေက ဒီဇင်ဘာလပထမအပတ်ထဲမှာပဲ ကိုဗစ် မူဝါဒတွေကို ဖြေလျှော့ပေးလိုက် တယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြထားပါတယ်။ အစိုးရ ကိုဗစ်ကြေညာမှုသတင်းတွေကြောင့် လူအများစုဟာ ibuprofen အပါအဝင် အအေးမိ တုပ်ကွေးဆိုင်ရာ ဆေးဝါးတွေနဲ့ ကိုဗစ် စစ်ဆေးတဲ့ ကိရိယာတွေကို အလျင်စလိုဝယ်ယူနေကြ တာပါ။ ကိုဗစ်ကြောင့် ပစ္စည်းတွေ…

မြန်မာစစ်ကောင်စီနဲ့ တာလီဘန်အစိုးရကို ကုလသမဂ္ဂမှာ သံတမန်စေလွှတ်ခွင့်မပြု

နယူးယောက် – ဒီဇင်ဘာ(၁၆) မြန်မာစစ်ကောင်စီနဲ့တာလီဘန် အစိုးရကို ကုလသမဂ္ဂ ကိုယ်စားလှယ်စေလွှတ်နိုင်ဖို့ ဆုံးဖြတ် ချက်ကို ဒုတိယအကြိမ်အဖြစ် ရွှေ့ဆိုင်းလိုက်ပေမယ့် လာမယ့် ကိုးလအတွင်း ပြန်လည်စဉ်းစား ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီရဲ့ အစီရင်စာမှာဖော်ပြထားပါတယ်။ အဖွဲ့ဝင်(၁၉၃) ဦးပါ ကုလသမဂ္ဂ အထွေထွေညီလာခံဟာ လစ်ဗျာရဲ့ ကိုယ်စားပြုနေရာအတွက် တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားမယ့် အစီရင်ခံစာကို ဒီဇင်ဘာလ (၁၆)…

မလေးရှားက ဖမ်းဆီးခံမြန်မာနိုင်ငံသား ၁၁၄ယောက်ကို ပြန်ပို့ဖို့ စီစဉ်

ကွာလာလမ်ပူ၊ ဒီဇင်ဘာ (၁၅) မလေးရှားနိုင်ငံမှာဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား၁၁၄ ဦးကို အတင်းအကြပ် ပြန်ပို့ဖို့စီစဉ်နေတဲ့အ ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုလာပြီးတဲ့နောက် အဲဒီဆောင်ရွက်ချက်ကို မလေးရှားနိုင်ငံ တရားရုံးဘက်က ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့ ရှေ့နေတွေကပြောပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ Access Asylum Malaysia တို့ဟာ အခုလိုအစုလိုက် အပြုံလိုက် ပြန်ပို့တဲ့ အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့ မလေးရှား အစိုးရကို တိုက်တွန်းထားခဲ့တာပါ။…

တရုတ်ကြောင့် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒ အလုံးစုံ ပြောင်းလဲမယ်

တိုကျို – ဒီဇင်ဘာ(၁၅) ဂျပန်နိုင်ငံက တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆယ်စုနှစ်တွေအတွင်း သူတို့ရဲ့ အသုံးစရိတ် တွေမြှင့်တင်တာ၊စစ်ရေးကွပ်ကဲမှုပုံစံ ပြန်လည်ပြင်ဆင်တာနဲ့ ဒုံးကျည်အသစ်တွေ သိုလှောင်တာ တွေပါဝင်တဲ့ အကြီးမားဆုံးကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ကြေညာဖို့ရှိနေပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မှတ်တမ်းသုံးခုမှာ ဖော်ပြမယ့် မူဝါဒတွေဟာ စစ်ပြီးခေတ် ဖွဲ့စည်းပုံအရ တပ်မတော်ကို တရားဝင်အသိအမှတ်မပြုတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ပြန်လည်ပုံမှာဖြစ်တယ်လို့…