နိုင်ငံတကာ

ပါလီမန် ထောက်ခံရင် နောက်ထပ်(၂) နှစ် ဝန်ကြီးချုပ်လုပ်ချင်တယ်လို့ ပရရွတ်ဆို

ဘန်ကောက် – ဒီဇင်ဘာ(၉) ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲကို လာမယ်နှစ် မေလမတိုင်ခင် ကျင်းပသွားဖို့ ရှိချိန်မှာ လက်ရှိဝန်ကြီချုပ်ဖြစ်သူ ပရရွတ်ချန်အိုချာက သူ့ကို ပါလီမန်က ထောက်ခံရင် နောက်ထပ်(၂) နှစ် ဝန်ကြီးချုပ်ဆက်လုပ်ဖို့ သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ရဲ့ သက်တမ်းကို ဥပဒေကြောင်းအရ မေးခွန်းထုတ်ခံခဲ့ရတဲ့ အဖြစ်အပျက် ပြီးနောက် ဒီမှတ်ချက်ထွက်ပေါ်လာတာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဆိုရင် သူဟာ…

ရုရှားနိုင်ငံထဲအထိ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ယူကရိန်းက သက်သေပြ

ကိဗ်ယက်၊ ဒီဇင်ဘာ(၈) ကီလိုမီတာရာနဲ့ချီဝေးတဲ့ ရုရှားနိုင်ငံထဲက လေတပ်စခန်းနှစ်ခုကို တိုက်ခိုက်နိုင်ကြောင်း သက်သေပြခဲ့ပြီး နောက်ထပ် တစ်ရက်အကြာမှာပဲ ယူကရိန်းက ရုရှားရဲ့ တတိယမြောက်လေယာဉ်ကွင်းတစ်ခုကို မောင်းသူ မဲ့လေယာဉ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းနယ်စပ်ရဲ့ မြောက်ဘက် ကီလိုမီတာ (၉၀) အကွာမှာရှိတဲ့ ရုရှားနိုင်ငံ ကာ့စ်မြို့က အရာရှိတွေဟာ ဒီဇင်ဘာ ၆ရက်နေ့က နောက်ဆုံ းတိုက်ခိုက်မှုအပြီး လေယာဉ်ကွင်းအပေါ်မှာ မဲမှောင်နေတဲ့ မီးခိုးပုံတွေကို…

ထိုင်းမှာ ဗီဇာရက်ကျော်နေသူတွေကို မျက်နှာ မှတ်မိနိုင်တဲ့ နည်းပညာ အသုံးပြုပြီး ဖမ်းဆီးနေ

ဘန်ကောက် – ဒီဇင်ဘာ(၈) ထိုင်းနိုင်ငံအတွင် ဗီဇာရက်ကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးရုံး တွေက ဖမ်းဆီးသွားမယ့် လှုပ်ရှားမှုကို ဒီဇင်ဘာလ(၁) ရက်နေ့ကနေ ဒီဇင်ဘာလ(၁၀) ရက် အတွင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဖမ်းဆီးချိန်မှာလဲ မျက်နှာ မှတ်မိနိုင်မယ့် နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာသစ်ကို ကော့စမွေ၊ကော့ဖငန်နဲ့ ခိုတောင် ကျွန်းတွေတည်ရှိရာ ဆူရတ်ဌာနီ ခရိုင် ဒေသန္တရ မှာရှိတဲ့ လူဝင်မှု…

အာဆီယံအထူးသံတမန် ရဲ့ တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် ဖျက်သိမ်း

ဖနွမ်းပင် – ဒီဇင်ဘာ(၈) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန် ဟာဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတက်ရောက်ရမှာဖြစ်တဲ့အတွက် မြန်မာပြည်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်(၅) ချက်ကို အကောင်အထည်မဖော်တာနဲ့ တက္ကသိုလ် ကျောင်းသား(၇) ဦးကို သေဒဏ်ချမှတ်ခံခဲ့တာတွေနဲ့ပတ်သက်ပြီး ဒီခရီးစဉ် ဖြစ်မြောက်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောဆိုထားတာပါ။ နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်ဟာ ဘရပ်ဆဲလ်မှာ ဒီဇင်ဘာလ(၁၄) ရက်နေ့မှာ…

ရုရှားထံက လောင်စာဆီတွေကို ဆက်လက်ဝယ်ယူနေဦးမယ်လို့ အိန္ဒိယ အရိပ်အမြွက်ပြော

နယူးဒေလီ၊ ဒီဇင်ဘာ(၇) အိန္ဒိယအစိုးရဟာ ကိုယ်ပိုင်လောင်စာဆီလိုအပ်ချက်တွေကို ဦးစားပေးစဉ်းစားပြီး ရုရှားထံမှ လောင်စာဆီ ဆက်လက်ဝယ်ယူမှာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အလည်အပတ်ရောက်ရှိနေတဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆူဘရာ မန်ယန် ဂျာရီရှန်ကာက အခုလိုမှတ်ချက်ပြုလိုက်တာပါ။ ဥရောပသမဂ္ဂနဲ့ အဓိကစက်မှုနိုင်ငံခုနစ်နိုင်ငံအုပ်စုတို့က သတ်မှတ်ထားတဲ့ ရုရှားရေနံ တစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်းထားကို အိန္ဒိယဟာ အခုချိန်အထိတော့ လက်ခံဆုံးဖြတ်ခြင်းမရှိသေးပါဘူး။ ဒီဇင်ဘာ…

အမေရိကန် ကိုဗစ်ထောက်ပံ့ငွေ သန်းပေါင်းများစွာကို တရုတ်ဟက်ကာတွေခိုးယူ

ဝါရှင်တန် – ဒီဇင်ဘာ(၇) တရုတ်ဟက်ကာတွေက ၂၀၂၀ ခုနှစ်ကစတင်ပြီး အမေရိကန်ရဲ့ ကိုဗစ်သက်သာခွင့် အစိုးရ ထောက်ပံ့ငွေတွေထဲက ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ လျှို့ဝှက်ထောက်လှမ်း ရေးအဖွဲ့ပ ပြောပါတယ်။ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုဖို့ ငြင်းဆိုခဲ့ပေမယ့် NBC သတင်းဌာနရဲ့ အတည်ပြုချက်အရ တရုတ်ဟက်ကာ အဖွဲ့ ကို လုံခြုံရေးသုတေသနအသိုင်းအဝိုင်းအတွင်း APT 41 ဒါမှမဟုတ်…

ထိုင်းမှာ လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်ဖို့ ပြင်ဆင်နေ

ဘန်ကောက် – ဒီဇင်ဘာ(၇) ထိုင်းအစိုးရက လိင်အကြမ်းဖက်မှုကျူးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်အရေးယူမယ့် အစီအစဉ် ကိုလာမယ့် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ စတင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တရားရေးဝန်ကြီးဌာနက ဒီဥပဒေသစ်ကို လာမယ့် ဇန်နဝါရီလ(၂၃) ရက်နေ့က စပြီး အသက် သွင်းဖို့ လုပ်ဆောင်နေပြီး လိင်အကြမ်းဖက်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်သူတွေ အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့…

ထိုင်းကျောင်းသူတစ်ယောက်ကို တက္ကသိုလ် ပါမောက္ခတစ်ဦးက မုဒိမ်းကျင့်ခဲ့လို့ ဟိုက်ဒရာဘက်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်

ဟိုက်ဒရာဘတ်၊ ဒီဇင်ဘာ(၆) ဟိုက်ဒရာဘတ်တက္ကသိုလ်က ပါမောက္ခတစ်ဦးက ထိုင်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားပြီး အဲဒီဖြစ်ရပ်ကို မကျေနပ်တဲ့ ကျောင်းသားတွေဟာ ဒီဇင်ဘာလ (၄) ရက်နေ့မှာ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ အကြီးတန်းပါမောက္ခအိမ်မှာ မနေ့ညက အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ထိုင်းကျောင်းသားတွေက ပြောပါတယ်။ သံသယရှိသူ ရာဗီရန်ဂျန်ဟာ ဟိန္ဒီဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေသခံရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အခုအ ခါ သူ့ကိုရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့…

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ မီးတောင်ပေါက်ကွဲခဲ့တာကြောင့် လူထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့နေရ

ဂျာဗား – ဒီဇင်ဘာ(၆) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားက ကျွန်းတစ်ကျွန်းမှာ အမြင့်ဆုံးမီးတောင်ပေါက်ကွဲပြီးနောက် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက မီးတောင်ရဲ့ (၈) ကီလိုမီတာအတွင်း သွားလာ ခွင့်မပြုဖို့ ဇုံသတ်မှတ်ထားပြီး ရွာခံတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားပါတယ်။ ပြည်နယ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီက ဆီမီရူ တောင်အနီးက အဆိုးရွားဆုံး ထိခိုက် တဲ့နေရာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ဖြန့်ကျက်ထားပြီး မိုးရွာသွန်းမှုနည်းပါးသွားရင် အန္တရာယ်လျော့နည်းသွားမှာဖြစ်တယ်လို့…

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဆုံးသတ်ဖို့ ထရန့်တောင်းဆို

ဝါရှင်တန် – ဒီဇင်ဘာ(၆) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၂၀၂၀ ရွေးကောက်ပွဲဟာ ခိုးယူခံရတယ်ဆိုတဲ့ သူ့ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အစိတ်အပိုင်းတွေကို အဆုံး သတ်ဖို့ တောင်းဆိုပြီးနောက် ပြစ်တင်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမ္မတလောင်းအဖြစ် ထပ်မံအရွေးခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ ထရန့်ဟာ သူ့ရဲ့ Truth လူမှုကွန်ရက်ပလက်ဖောင်းမှာ တောင်းဆိုခဲ့တာပါ။ “အဲဒီအတိုင်းအတာနဲ့ ပမာဏကြီးမားတဲ့လိမ်လည်မှုတစ်ခုဟာ…