နိုင်ငံတကာ

ရုရှားသမ္မတ ပူတင်ကို ICC ဖမ်းဝရမ်းထုတ်

ဟိတ် – မတ်(၁၈) ယူကရိန်းနိုင်ငံသား ကလေးငယ်တွေကို တရားမဝင်ပြည်နှင်ဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားကလေးသူငယ်ဆိုင်ရာ ကော်မရှင်အကြီးအကဲ မာရီယာ ဘီလိုဗာတို့ကို နိုင်ငံတကာရာဇဝတ်တရားရုံ (ICC) က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ သူတို့နှစ်ဦးကို ဟိတ်အခြေစိုက်တရားရုံးက မတ်လ(၁၇) ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပြီး အရပ်သားကလေးငယ်တွေကို ဥပဒေမဲ့ ပြည်နှင်ဒဏ်ပေးတာနဲ့ ယူကရိန်းပိုင်ဒေသတွေ က အရပ်သားတွေကို တရားမဝင်…

အာရှနိုင်ငံတွေအတွက် ရက်(၃၀)ဗီဇာကင်းလွတ်ခွင့်အပြင် ကန့်သတ်ချက်အားလုံး ဗီယက်နမ်ဖြေလျော့ပေး

ဟနွိုင်း၊ မတ်(၁၈)အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်က နိုင်ငံခြားခရီးသွားဧည့်သည်တွေ ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ဗီဇာ လိုအပ်ချက်အချို့ကို ဖြေလျှော့ပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် ဖမ် မင်န် ချင် က ပြောပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ ပြောကြားချက်အရ ကပ်ဘေးကာလပြီးတဲ့နောက်မှာ နိုင်ငံအနေနဲ့ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အဓိကရုန်းကန်ရတဲ့အချက်မှာ ဗီဇာရရှိရေး အခက်အခဲ တွေ ကြောင့်သာဖြစ်တယ်လို့…

နိုင်ငံစီးပွားပျက်ကပ်ကို ကျော်လွှားဖို့ ရုရှားဘီလျံနာတွေ ရင်းနှီးမြှုပ်နှံကြဖို့ ပူတင်တိုက်တွန်း

မော်စကို – မတ်(၁၈) ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့နိုင်ငံစီးပွားရေးဖျက်ဆီးမယ့် အနောက်နိုင်ငံတွေရဲ့ကြိုးပမ်း မှု တွေကို ကျော်လွှားဖို့ နည်းပညာအသစ်တွေ၊ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ရုရှား ဘီလျံနာတွေနဲ့ စီးပွားရေးအဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကြားထဲက ရုရှားမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အနောက် အုပ်စုကမ္ပဏီတွေဟာလည်း ပြီးခဲ့တဲ့ နှစ်က ကော်ပိုရေးရှင်းက…

ထိုင်းနိုင်ငံက ရဲအရာရှိတွေရဲ့ စိတ်ကျန်းမာရေး စစ်ဆေးမယ်

ဘန်ကောက် – မတ်(၁၈) ဘန်ကောက်မြို့က နေအိမ်တစ်ခုမှာ စိတ်ကစင့်ကလျားဖြစ်နေတဲ့ ရဲအရာရှိ ရမ်းသမ်းပစ်ခတ်မှု ကို အထူးကွန်မန်ဒိုတွေအပါအဝင် လူသူလက်နက်အင်အားနဲ့ (၂၇) နာရီကြာတားဆီးခဲ့ရပြီး နောက် ထိုင်းနိုင်ငံတဝှမ်းက ရဲအရာရှိတွေဟာ စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူရတော့မှာပါ။ ရဲအရာရှိတွေရဲ့ လူထုလုံခြုံရေးကို သေချာစေဖို့အတွက် စိတ်ကျန်းမာရေးစစ်ဆေးမှုကို ကျပန်း စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းတာဝန်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က…

နျူကလီးယားလက်နက်သုံးရင် မြောက်ကိုရီးယားအစိုးရ နိဂုံးချုပ်ပြီလို့ အမေရိကန်စစ်ဌာနချုပ်ပြောကြား

ဝါရှင်တန်၊ မတ်(၁၇) မြောက်ကိုရီးယားစစ်တပ်က နျူလက်နက်အသုံးပြုတာဟာ နိုင်ငံရဲ့ရပ်တည်မှုအဆုံးသတ်ခြင်းကို ဦးတည် သွားလိမ့်မယ်ဆိုတဲ့ အရင်ကသတိပေးချက်တွေအတိုင်း အမေရိကန်ဟာရပ်တည်နေမှာဖြစ်ပြီး ကင်မိသားစု အစိုးရကို အဆုံးသတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အမေရိကန်ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ “မြောက်ကိုရီးယားက နျူကလီးယားလက်နက်အသုံးပြုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပြီးသားလို့ထင်တယ်။ ဒါဟာ မြောက်ကိုရီးယားအစိုးရ အုပ်ချုပ်ရေးရဲ့ နိဂုံးချုပ်ဖြစ်လိမ့်မယ်လို့ ကျွန် တော်ထင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ပက်ထရစ်ရိုင်ဒါက…

မလေးရင်းဂစ် တစ်သန်းကျော်တန်ဖိုးရှိတဲ့ လိင်အာသာဖြေအရုပ်တွေကို အာဏာပိုင်တွေ သိမ်းဆည်း

ကွာလာလမ်ပူ – မတ်(၁၇) မလေးရှားအာဏာပိုင်တွေက လိင်အာသာဖြေအရုပ် ရောင်းချတဲ့ အမျိုးသမီးတစ်ဦး ရဲ့ နေအိမ် နဲ့ ဂိုထောင်ကို ဝင်ရောက်ရှာဖွေပြီးနောက် ရင်းဂစ် တစ်သမ်းကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်း ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီးဟာ ကျားအင်္ဂါအတုတွေ၊လိင်အာသာဖြေအရုပ်တွေနဲ့ တခြား ပစ္စည်းတွေကို လပေါင်းများစွာ ရောင်းချခဲ့သူဖြစ်ပြီးသူမဆီမှာ ဝယ်ယူသူအများစုဟာ ချစ်သူနဲ့ ကာလရှည် ဝေးကွာနေတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။…

ကုန်သွယ်ရေးအငြင်းပွားမှု ရပ်တန့်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေ သဘောတူ

တိုကျို – မတ်(၁၇) ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ လေးနှစ်နီးပါးကြာ နည်းပညာမြင့်ပစ္စည်းတွေနဲ့ ကုန်သွယ်မှု ဆိုင်ရာ အငြင်းပွားမှုကို ရုပ်သိမ်းဖို့ သဘောတူညီခဲ့ကြပြီး သမိုင်းကြောင်းတွေကြောင့် တင်းမာ နေတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တွန်း လှန်ဖို့ အတူတကွ လုပ်ဆောင်မယ့် အလားအလာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ မကြာခဏဆိုသလို ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ…

လာမယ့်အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ရေးကိစ္စ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား စတင်ဆွေးနွေး

ဘန်ကောက်၊ မတ်(၁၆) ထိုင်းနဲ့ ကမ္ဘောဒီယားနှစ်နိုင်ငံအကြားမှာ လာမယ့်အရှေ့တောင်အာရှဆီးဂိမ်း ပြိုင်ပွဲ ရုပ်သံထုတ်လွှင့် ရေးရ ပိုင်ခွင့်တွေအကြောင်း ဆွေးနွေးမှုတွေစတင်ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် အကျိုးရှိမယ့် အပေးအယူကို နှစ် ဖက်စလုံးမှ လုပ်နိုင်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဆီးဂိမ်းအဖွဲ့ချုပ်ကောင်စီ ဒုတိယဥက္ကဌ ချိုင်ပက်ဆီရီဝတ်ဟာ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဖနွမ် ပင်မှာ ထိုင်းအားကစားအာဏာပိုင် ကိုယ်စားလှယ်တွေနဲ့ အတူ အဲဒီကိစ္စကို…

ပါလီမန်ကိုတစ်ခါမှလာရောက်တာမရှိတဲ့ ဂျပန် လွှတ်တော်အမတ်ရာထူးက ထုတ်ပယ်ခံရ

တိုကျို – မတ်(၁၆) နာမည်ကြီး အတင်းအဖျင်းပြောတဲ့ ယူကျူဘာတစ်ဦးဖြစ်တဲ့ ဂျပန်လွှတ်တော်အမတ် ရိုရှီကာ ဆူဟီဂါရှီတာနီဟာ ပါလီမန်ကို တစ်ခါမှ လာရောက်တာမရှိတဲ့အတွက် ပါလီမန်က ထုတ်ပယ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံး လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၇) လက သူ့ကို ရွေးကောက်တင်မြှောက်ပြီးနောက်ပိုင်း လွှတ်တော်အစည်းအဝေးတွေ ကို တစ်ရက်မှ တက်ရောက်တာမရှိတာကြောင့် လွှတ်တော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ…

နျူစွမ်းအင်သုံးရေငုပ်သင်္ဘော အပေးအယူလုပ်တဲ့ AUKUS (အောကတ်စ်) ဟာ အန္တရာယ်လမ်း ကိုလိုက်နေတယ်လို့ တရုတ်သတိပေး

ပေကျင်း – မတ်(၁၆) နျူကလီးယားစမ်းအင်သုံး ရေငုပ်သင်္ဘောအပေးအယူကိစ္စထွက်ပေါ်လာပြီးနောက် ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မှားယွင်းမှုနဲ့ အန္တရာယ်လမ်း တစ်ခုနောက်ကို လိုက်ပါနေတယ် လို့ ဩစတြေးလျကို တရုတ်နိုင်ငံက သတိပေးခဲ့ပါတယ်။ အင်အားကြီးလာတဲ့ တရုတ်နဲ့ ရင်ဆိုင်မယ့် အာရှပစိဖိတ်တစ်လျှောက်ကို အနောက်ကမ္ဘာအင် အားကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်-ဗြိတိန်နည်းပညာအတိုင်း ပုံစံအသစ် တည် ဆောက်ထားတဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော(၅) စင်းဝယ်ယူဖို့…