ရှာရီယာ ဥပဒေအတိုင်းအပြစ်ပေးဖို့ တာလီဘန်ခေါင်းဆောင်ညွှန်ကြား
ကဘူးလ် – နိုဝင်ဘာ(၁၆) အာဖဂန်နစ္စတန်နိုင်ငံမှာ တချို့သော ပြစ်မှုတွေအတွက် လူမြင်ကွင်းမှာ ကိုယ်လက်အင်္ဂါ ဖြတ် တောက်တာ၊ ကျောက်ခဲနဲ့ ပစ်ပေါက်တာတွေနဲ့ အပြစ်ပေးအရေးယူဖို့တရားသူကြီးတွေကို တာလီဘန်ခေါင်းဆောင် ဟိုက်ဘတ်တူလာ အခူဇာဒါက အမိန့်ပေးခဲ့ပါတယ်။ လုယက်မှု၊ပြန်ပေးဆွဲမှု၊ဆူပူအုံကြွမှုစတဲ့ ပြစ်မှုတွေကို အစ္စလာမ်ရှာရီယာ ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမယ်လို့ ဆိုခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက အာဏာရလာချိန်မှာ တာလီဘန်တို့က လူထုကို ကွပ်မျက်တာအပါအဝင်…
