နိုင်ငံတကာ

ကမ္ဘောဒီးယား ဘုရင်ကို ပုပ်ခတ်ပြောဆိုမှုတွေကြောင့် တရားစွဲခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ပြန်လည်လွတ်မြောက်

ဖနွမ်းပင် – မတ်(၃၀) ကမ္ဘောဒီးယားဘုရင်ကို ပုပ်ခတ်ပြောဆိုတာတွေလုပ်ခဲ့လို့ တရားစွဲခံထားရတဲ့ တက်ကြွလှုပ်ရှား သူတစ်ဦးဟာ ဝန်ကြီးချုပ်ဟွန်ဆန်ကို တရားဝင်တောင်းပန်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက် လာတယ်လို့ သိရပါတယ်။ ယင်မ်ဆီနွန်နဲ့ ဟွန်ကိုဆယ် ဆိုတဲ့ အတိုက်အခံခေါင်းဆောင်(၂) ဦးဟာ ဘုရင်ကို စော်ကား ပုပ်ခတ် တဲ့အပြင် လူမှုကွန်ရက်ပေါ်မှာ ရေးသားလှုံ့ဆော်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခံခဲ့ရတာပါ။ ကမ္ဘောဒီးယားမှာ လာမယ့် ဆီးဂိမ်းပွဲအတွက်…

အမေရိကန်နိုင်ငံသား ၁၀ ဦးမှာ ၆ ဦးဟာ ထရန့်ကို သမ္မတထပ်ဖြစ်ဖို့ မလိုလား

နယူးယောက်၊ မတ်(၂၉) နယူးယောက်မြို့တော်ရဲ့ စီရင်စု (၅) ခုအနက် တစ်ခုဖြစ်တဲ့ မန်ဟက်တန်မြို့မှာ စွဲချက်တင်ခံရဖွယ်ရှိနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အိမ်ဖြူတော်မှာ ပြန်လည်အရွေးခံရဖို့ အမေရိကန် နိုင်ငံသားအများစုက မလိုလားကြတော့ဘူးလို့ စစ်တမ်းအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။ မတ်(၂၇)ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ မာရစ် (Marist) စစ်တမ်းအရ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ထရန့်ကို နောက်ထပ် (၄)…

အမေရိကန်လေယာဉ်တင် သင်္ဘောရောက်ရှိချိန် နျူကလီးယား အချိန်မရွေးအသုံးပြုနိုင်တယ် လို့ မြောက်ကိုရီးယားခြိမ်းခြောက်

ပြုံယမ်း – မတ်(၂၈) အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့ တောင်ကိုရီးယားကို ရောက်ရှိချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင်က နျူကလီးယားလက်နက်ကို အချိန်မရွေးအသုံးပြုဖို့ အသင့်ရှိနေတယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ မဟာမိတ်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ ကင်ဂျုံအွန်ဟာ နျူကလီးယားထုတ်လုပ်တဲ့ စက်ရုံကိုသွားရောက်လည်ပတ်စဉ် ဒီမှတ်ချက်ကို ပြောခဲ့တာဖြစ်တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ ထာဝရလုံခြုံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့ကို ကာကွယ်ဖို့ ရည်ရွယ်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့…

မလေးရှားမှာ သေဒဏ်ဖျက်သိမ်းဖို့ ဥပဒေကြမ်းတင်သွင်း

ကွာလာလမ်ပူ – မတ်(၂၉) မလေးရှားအစိုးရက မဖြစ်မနေ သေဒဏ်ပေးရမယ့် ဥပဒေဖျက်သိမ်းဖို့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို မတ်လ(၂၇) ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံး ဥပဒေနဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဌာန ဝန်ကြီး အယ်ဇယ်လီနာ အော့တ်မန်ဆက်က မဖြစ်မနေ သေဒဏ်ပေးမှု ဖျက်သိမ်းရေး ဥပဒေကြမ်း ၂၀၂၃ ကို ပထမ အကြိမ်ဖတ်ကြားတာအပြင် သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခြင်းဆိုင်ရာ…

အမှုသည်တွေရဲ့ စိတ်ဖိစီးမှုလျော့ပါးစေဖို့ ထိုင်းရဲစခန်းတစ်ခုမှာ အခမဲ့အနှိပ်ဝန် ဆောင်မှုပေးနေ

ဘန်ကောက်၊ မတ်(၂၈) ထိုင်းနိုင်ငံရဲစခန်းတစ်ခုမှာ အမှုဖွင့်တိုင်ကြားဖို့အတွက် လာရောက်တဲ့ ဧည့်သည်တွေကို စိတ်ဖိအား လျော့ပါး သက်သာစေဖို့ ရဲအရာရှိတစ်ဦးမှ အခမဲ့ နှိပ်နယ်ပေးနေပုံကို ဒေသတွင်း မီဒီယာတစ်ခုမှာ ဖော်ပြထားပြီး အဲဒီ ရဲအရာရှိဟာ ထရန်ခရိုင်ဒေသန္တရ၊ မြို့တော်ရှိ နောင်ထရွတ် ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၈ နှစ်အရွယ် ထိုင်းရဲအရာရှိ ပက်ကရွန်ကစ်ဟာ ထိုင်းအနှိပ်ဆရာအဖြစ်…

ဘာလီမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုကို အစ္စရေးကန့်ကွက်နေတာကြောင့် ရွှေ့ဆိုင်း

ဘာလီ – မတ်(၂၈) အင်ဒိုနီးရှားမှာ လာမယ့် သီသတင်းပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲမှာ ဘာလီအုပ်ချုပ်ရေးမှူးက အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆိုပြီးနောက် ရွေ့ဆိုင်လိုက်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။ မတ်လ(၂၄) ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မဲခွဲပွဲကို ဖျက်သိမ်းလိုက်တယ်လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PPSI) ကဆိုခဲ့ပြီး…

စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို တားမြစ်ဖို့ ဂျပန်ဝန်ကြီးချုပ် တောင်းဆို

တိုကျို – မတ်(၂၈) ဂျပန်စစ်တပ်အတွင်းမှာ ပုံမှန်အလေ့အထလိုဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်မှု တွေကို အမျိုးသမီး စစ်သည်တစ်ဦးက အများပြည်သူသိအောင်ထုတ်ဖော်လိုက်ပြီးနောက် ဝန်ကြီးချုပ် ဖုမီအိုကီရှီဒါက နိုင်ငံရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ အခုလိုဖြစ်စဉ်တွေကို တားမြစ် ထားသင့်တယ်လို့ ပြောပါတယ်။ ဒီအကြမ်းဖျက်မှုတွေဟာ လူသားအခြေပြု အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်တယ်လို့ မတ်လ(၂၆) ရက်နေ့က အမျိုးသား ကာကွယ်ရေး…

Apple ကုမ္ပဏီနဲ့ ကာလရှည်ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆန်းသစ်တီထွင်မှုတွေအတွက် စီအီးအို Tim Cook က တရုတ်နိုင်ငံကို ချီးကျူးခဲ့

ရှန်ဟိုင်း၊ မတ်(၂၆) Apple ကုမ္ပဏီရဲ့စီအီးအို တင်ကွတ်ဟာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ နိုင်ငံရဲ့ လျင်မြန်တဲ့ ဆန်းသစ် တီထွင်မှု၊ အမေရိကန် iPhone ထုတ်လုပ်သူနဲ့ ကာလကြာရှည်ဆက်ဆံရေးကို ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ချီးကျူးပြောဆိုခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကိုဗစ်၁၉ထိန်းချုပ်မှုတွေကို အဆုံးသတ်ပြီးနောက် အစိုးရကစီစဉ်ကျင်းပနေတဲ့ ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်ကို တက်ရောက်ဖို့ စီအီးအိုတင်ကွတ်ဟာ…

ဖိလစ်ပိုင်နိုင်ငံက လူဦးရေ(၁၁) မီလျံကျော် ရေဘေးကြုံတွေ့နိုင်တယ်လို့ သမ္မတဆို

မနီလာ – မတ်(၂၆) ဖိလစ်ပိုင်နိုင်ငံအတွင်း ခြောက်သွေ့ရာသီနီးကပ်လာတဲ့အတွက် တချို့သော မိသားစုအိမ်ခြေ (၁၁) မီလျံကျော်ဟာ သန့်ရှင်းတဲ့ ရေလက်လှမ်းမီနိုင်မှုပြတ်လပ်နိုင်ပြီး ရေကပ်ဘေးကြုံတွေ့ လာရနိုင်တယ်လို့ သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာက မတ်လ(၂၃) ရက်နေ့မှာ ပြောခဲ့ပါတယ်။ မြို့တော်မနီလာမှာ ကျင်းပတဲ့ (၆) ကြိမ်မြောက် Water Philippines ညီလာခံနဲ့ ပြပွဲအတွင်း သမ္မတက နိုင်ငံအနေနဲ့ ဒီပြဿနာကိုဖြေရှင်နိုင်ဖို့ ခေတ်မီတဲ့…

ဘီလာရုစ်နိုင်ငံက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့မှုအသစ်တွေ ချမှတ်

မင့်စ် – မတ်(၂၆) ဘီလာရုစ်နိုင်ငံရဲ့ ၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြ သူတွေကို ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဆက်နွယ်နေတဲ့ အဖွဲ့အစည်း(၃) ခုနဲ့ လူပုဂ္ဂိုလ် (၉) ဦးကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်လုပ် ဘိုးရင်း 737 ဂျက်လေယာဉ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်နဲ့…