နိုင်ငံတကာ

ကရာချိမြို့မှာ တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး ပစ်ခတ်ခံရ

ကရာချိ၊ စက်တင်ဘာ (၃၀) ပါကစ္စတန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိမှာ စက်တင်ဘာ ၂၈ ရက်နေ့က က သွားဘက်ဆိုင်ရာလူနာအဖြစ် ဟန်ဆောင်ထား တဲ့ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့်တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ပွား ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် ဆာဒါ ရပ်ကွက်မှာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ ဆေးခန်းအတွင်းရောက်ရှိနေတဲ့ တရုတ်စုံတွဲတစ်တွဲ…

လာလီဂါရဲ့ အကောင်းဆုံး ကစားသမား ဆု ၃ ဆုကို ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာ ဆွတ်ခူးရရှိ

မော်လမြိုင်၊ စက်တင်ဘာ (၂၉) ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘောလုံးရာသီအတွက် စပိန်လာလီဂါ အကောင်ဆုံး ကစားသမား ကစားသမားဆုအပါအဝင် အကောင်းဆုံးဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်ဖက်ဒရစ်အသင်းကို လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးရာမှာ…

ဆော်ဒီဘုရင်က သားတော် အိမ်ရှေ့မင်းသားကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်

ရီးယာ့ဒ်၊ စက်တင်ဘာ (၂၉) ဆော်ဒီအာရေဗျ ဘုရင် ဆာလ်မန်ဘင် အဘ်ဒူလာဇီဟာ သားတော် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်ကို နိုင်ငံ တော်ရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဒုတိယသားတော် မင်းသားခါးလ်လစ်ကိုတော့ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ ပါတယ်။ ဒါ့အပြင် နောက်ထပ် သားတော်ဖြစ်တဲ့ မင်းသား အဘ်ဒူလာဇီ ဘင်ဆာလ်မန်ကိုတော့ စွမ်းအင်ဝန်ကြီး ရာထူးကို လွှဲပြောင်း…

ထိုင်းနိုင်ငံမှာ သီတင်းပတ် ၂၀ ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ ခွင့်ပြု

ဘန်ကောက် – စက်တင်ဘာ(၂၉) ထိုင်းနိုင်ငံမှာ ရက်သီတင်းပတ် ၂၀ အထိ သက်တမ်းရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုပေးမယ်လို့ ထိုင်းအစိုးရက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အတွက်လည်း အရင်က သတ်မှတ်ထားတဲ့ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကိုပါ လျော့ချပေးသွားဖို့ ရှိနေတာပါ။ ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်တဲ့ ထိုင်းနိုင်ငံအတွင်း ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားမဝင်တဲ့ အခြေအနေဖြစ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့…

အာဏာသိမ်းခံလိုက်ရတယ်လို့ ကောလဟာလတွေထွက်ခဲ့တဲ့ သမ္မတရှီကျင့်ဖျင် ရုပ်သံလိုင်းမှာ ပြန်ထွက်ပေါ်လာ

ပေကျင်း – စက်တင်ဘာ(၂၉) တရုတ်ခေါင်းဆောင်ဟာ အာဏာသိမ်းခံလိုက်ရပြီဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်စေခဲ့တဲ့ ရက်အတော်ကြ လူထုမြင်ကွင်းက ပျောက်ကွယ်ပြီးနောက်မှာတော့ စက်တင်ဘာလ(၂၇) ရက်နေ့ ကနိုင်ငံပိုင်ရုပ်သံလိုင်းမှာ လူလုံးထွက်ပြခဲ့ပါတယ်။ တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ အာဏာရကွန်မြူနစ်ပါတီနဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အကြီးအကဲဖြစ်တဲ့ ခေါင်းဆောင်ရှီဟာ ဘေဂျင်းက ပြပွဲခန်းမတစ်ခုကို သွားရောက် ကြည့်ရှု့ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင် နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အတွက် မှတ်ချက် ပေးခဲ့ပါသေးတယ်။…

အမေရိကန်နိုင်ငံရဲ့ လျှို့ဝှက်ချက်တွေဖွင့်ချခဲ့တဲ့ စနိုးဒန်ကို ရုရှားနိုင်ငံသားဖြစ်ခွင့်ပေး

မော်စကို – စက်တင်ဘာ(၂၈) အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း စနိုးဒန်ဟာအမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ရဲ့ လျှို့ဝှက်ထောက်လှမ်းနေတဲ့ အခြေအနေတွေကိုဖော်ထုတ်ခဲ့ပြီးနောက် ကိုးနှစ်အကြာ မှာ သမ္မတဗလာဒီမာပူတင်က သူ့ကို ရုရှားနိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။ စနိုးဒန်ဟာ အမေရိကန် ပြည်ထောင်စုက ထွက်ပြေးပြီးနောက် NSA လုပ်ဆောင်နေတဲ့ ပြည်တွင်း နဲ့ နိုင်ငံတကာ ထောက်လှမ်းရေးစစ်ဆင်ရေးတွေကို ထုတ်ဖော်တဲ့ လျှို့ဝှက်ချက်ဖိုင်တွေပေါက် ကြားခဲ့ပြီးနောက် ၂၀၁၃…

ပေါ်တူဂီကို အနိုင်ယူပြီး စပိန်အသင်း ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွား

မော်လမြိုင်၊ စက်တင်ဘာ (၂၈) စပိန်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ UEFA Nations လိဂ် (A) အဆင့် ပြိုင်ပွဲမှာ အိမ်ရှင်ပေါ်တူဂီအသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့တာပါ။ စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ သရေကျယုံနဲ့ ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ပွဲချိန် ၈၈ မိနစ်ပေးလိုက်ရတဲ့ နောက်ကျသွင်းဂိုးကြောင့် ဆီးမီးဖိုင်နယ်အဆင့်နဲ့…

သမ္မတရှီ အာဏာသိမ်းခံရတဲ့သတင်းထွက်ပေါ်နေပေမယ့် တရုတ်ဖက်က တုံ့ပြန်ပြောဆိုခြင်း မရှိသေး

ပေကျင်း၊ စက်တင်ဘာ(၂၇) တရုတ်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီး သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားတယ်လို့ အိန္ဒိယနိုင်ငံရှိ မီဒီယာတွေမှာ ဖော်ပြနေကြပေမယ့် တရုတ်ဖက်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဘေးဂျင်းလေဆိပ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းလိုင်း ၆၀၀၀ ကျော်ကို ခရီးစဉ်ပယ်ဖျက်ထားလိုက်ပြီး နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့လိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဟာ နေအိမ်အကျယ်ချုပ်…

အမေရိကန် ဒုတိယသမ္မတ ကင်မလာ ဟားရစ် ကိုရီးယား စစ်မဲ့ဇုန်ကို သွားရောက်မယ်

တိုကျို၊ စက်တင်ဘာ (၂၈) အမေရိကန် ဒုတိယ သမ္မတ ကင်မလာ ဟားရစ်ဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြားမှာရှိတဲ့ စစ်မဲ့ ဇုန် (Demilitarised Zone – DMZ) ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီခရီးစဉ်ကို တိုကျိုမြို့မှာ စက်တင်ဘာ ၂၇ရက်နေ့က…

ကျူးဘားမှာ လိင်တူချင်းထိမ်းမြားခွင့်ကို တရားဝင်ခွင့်ပြုဖို့ ပြည်သူတွေတခဲနက် မဲပေးခဲ့

ဟာဗားနား ၊ စက်တင်ဘာ (၂၈) မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုဖို့ ကျူးဘား မဲဆန္ဒရှင် ၆၆ရာခိုင်နှုန်း က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အငှားကိုယ်ဝန်ဆောင်ခွင့်နဲ့ လိင်တူစုံတွဲတွေကို ကလေးမွေးစားခွင့် ပြုပေးနိုင်မယ့် မိသားစုစည်းမျဉ်း သစ်ထဲက ပြုပြင်ပြောင်းလဲမှု တွေကို အတည်ပြုနိုင်ဖို့ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံက မဲပေးခဲ့ကြတာပါ။ ၁၉၆၀ နဲ့ ၁၉၇၀…