နိုင်ငံတကာ

တောင်ကိုရီးယား ခရီးသည်တင်လေယာဉ် ပျံသန်းနေစဉ် တံခါးပွင့်ခဲ့တဲ့မတော်တဆမှုကနေ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့

ဆိုးလ်၊ မေ(၂၇) တောင်ကိုရီးယားနိုင်ငံရဲ့ အေးရှားနားခရီးသည်တင်လေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးဟာ လေယာဉ်ပျံသန်း နေစဉ် အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်လိုက်ပြီးနောက် လေယာဉ် အတွင်းခန်းအတွင်းသို့ လေအေးလေ ပြင်းတွေ တိုးဝင်ဖြစ်ပေါ်ခဲ့ပေမယ့်လည်း လေယာဉ်ဘေး ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်းနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အေးရှားနား လေကြောင်းလိုင်းမှ အဲဘတ်စ် A321 လေယာဉ်ပေါ်မှာ လူအချို့က တံခါးဖွင့်ဖို့လုပ်တဲ့သူကို တား ဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း…

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းအချက်ပြ စနစ် ၃ ခုကို တပ်ဖြန့်ချထား

ဘေဂျင်း၊ မေ(၂၆) တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ရှိ Spratly ကျွန်းစုတဝိုက်မှာ ရေကြောင်းအချက်ပြ စနစ် ၃ ခုကိုတပ်ဖြန့်ချထားပြီး တရုတ်ရေကြောင်းလုံခြုံရေးဗဟိုက ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံလိုပဲ ဖိလစ်ပိုင်ဘက်ကလည်း အလားအတူအချက်ပြ အမှတ်အသားတွေကို မေလ အစောပိုင်းက တည်းကချထားခဲ့တဲ့အတွက် နှစ်ဖက်စလုံးဟာ အဲဒီရေပိုင်နက်အတွက် တောင်းဆိုမှု အသီးသီးကို ခိုင်မာမှု ရှိအောင်ကြိုးစားနေရချိန်ဖြစ်နေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာတာပါ။ တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့က…

ဂျပန်က ယူကရိန်းကို စစ်ကားအစီးရေ (၁၀၀) ပေးမယ်

တိုကျို၊ မေ(၂၆) ဂျပန်နိုင်ငံဟာ ယူကရိန်းနိုင်ငံကို စစ်သုံးယာဉ်အစီးရေ (၁၀၀)ခန့်လှူဒါန်းမယ့် အထိမ်းအမှတ်အခမ်းအနားကို မေလ(၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရင်ကယူကရိန်းကို ကူညီရာမှာ စစ်သုံးဦးထုပ်တွေနဲ့ ဟာ့ဇ်မက် ကာကွယ်ရေးဝတ်စုံတွေကိုသာ ထောက်ပံ့ ကူညီပေးခဲ့ရာမှ အခုချိန်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ စစ်ဘက်ဆိုင်ရာသုံးပစ္စည်းတွေကို ပေးအပ်ဖို့ ဂျပန်က ကြိုးစားလာတာ ဖြစ်ပါတယ်။ တန်ချိန်ဝက်တရပ်ကားနှစ်စီးကို ခင်းကျင်းပြသထားတဲ့ အဲဒီအခမ်းအနားမှာ ဂျပန်ဒုကာကွယ်ရေးဝန်ကြီး တိုရှီရို အီနိုက လှူဒါန်းမှုမှာပါဝင်တဲ့မော်တော်ယာဉ်သုံးမျိုးစာရင်းကို…

Grab ပူးတွဲတည်ထောင်သူ တန်ဟွိုင်လင် ရာထူးမှနုတ်ထွက်မယ်

စင်္ကာပူ၊ မေ(၂၆) နည်းပညာအခြေပြု ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ စင်ကာပူအခြေစိုက်Grab ကုမ္ပဏီ ကို ပူးတွဲတည်ထောင်သူ တန်ဟွိုင်လင်ဟာ အခုနှစ်ကုန်ပိုင်းအတွင်း ရာထူးမှနုတ်ထွက်တော့မယ်လို့ ကြာသပတေးနေ့ က ပြောကြားခဲ့ပါတယ်။ ဟွိုင်လင်ဟာ ၂၀၁၂ ခုနှစ်မှာ CEO အန်တိုနီနဲ့ Grab ကို တည်ထောင်ခဲ့ပြီး အကြံပေးကဏ္ဍသို့ ကူးပြောင်း သွားမှာဖြစ်ကြောင်း ကုမ္ပဏီကပြောကြားခဲ့တာပါ။ နိုင်ငံတကာရှိ Grab လုပ်သားတွေထံသို့…

မိုဒီရဲ့ခရီးစဉ်အတွင်း အိန္ဒိယနဲ့သြစတြေးလျတို့ ရွှေ့ပြောင်းနေထိုင်ရေး သဘောတူညီချက်ကြေညာ

ဆစ်ဒနီ၊ မေ(၂၅) အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနဲ့သြစတြေးလျတို့က ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ သဘောတူညီချက်နဲ့ အစိမ်းရောင်ဟိုက်ဒရိုဂျင် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ကြေညာ ခဲ့ပါတယ်။ မစ္စတာမိုဒီနဲ့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်တို့က အခုနှစ်ကုန်မှာ လွတ်လပ်စွာ ကုန်သွယ် မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေအပြီးသတ်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့က ခရီးစဉ်ဖျက်သိမ်းပြီးနောက် သြစတြေး လျသို့…

အနောက်နိုင်ငံတွေဝေဖန်နေတဲ့ကြားကပဲ ရုရှားနဲ့တရုတ်တို့ စီးပွားရေးဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုး

မော်စကို၊ မေ(၂၅) ရုရှားဝန်ကြီးချုပ်ဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားနေချိန် အနောက်နိုင်ငံတွေ ဝေဖန်မှုတွေကြားထဲကပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးသဘောတူညီချက်တွေကို မေလ (၂၄) ရက်နေ့ ဘေဂျင်းခရီးစဉ်အတွင်း မှာ လက်မှတ်ရေးထိုးခဲ့ပါ တယ်။ ဒါဟာ ရုရှား၊ တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးမှာ မကြုံစဖူး မြင့်မားတဲ့အခြေအနေကိုဖော်ပြလိုက် တာလည်းဖြစ်ပါ တယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှားကျူးကျော်စစ်စတင်အပြီးမှာ ရုရှားရဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်တဲ့…

အားလပ်ရက်တွေမှာ အိမ်စာမပေးရေး ဥပဒေတစ်ရပ်ပြဌာန်းဖို့ ဖိလစ်ပိုင်လွှတ်တော်အမတ် အဆိုပြု

မနီလာ၊ မေ(၂၅)ကျောင်းဖွင့်ရက်တွေမှာ အချိန်ပေါင်း၁၀နာရီကျော် လေ့လာသင်ယူပြီးတဲ့ ကျောင်းသူ/ ကျောင်းသားတွေကို ပိတ်ရက်တွေမှာ အိမ်စာလုပ်ရမယ့်အစား အနားယူပြီး ပြန်လည် အားဖြည့်နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံရေး သမားတစ်ဦးက လိုလားနေပါတယ်။ သူ့ရဲ့လိုလားချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖိလစ်ပိုင်အောက်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ မစ္စဆမ်ဗာဆိုဇာက “No Homework Law” အမည်ရ အိမ်စာမပေးရေးဥပဒေကို အဆိုပြုထားတာပါ။ အဲဒီအထဲမှာ မူလတန်းနဲ့…

သြစတြေးလျရဲ့ အရေးပါတဲ့ တွင်းထွက်လုပ်ငန်းကဏ္ဍအတွက် အမေရိကန် ကျောထောက်နောက်ခံပြုမှုရရှိ

မဲလ်ဘုန်း၊ မေ(၂၄) သြစတြေးလျနိုင်ငံဟာ နိုင်ငံရဲ့အရေးကြီးတဲ့ တွင်းထွက်လုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုးစေဖို့ အမေရိကန်ပြည်ထောင်စု ကျောထောက်နောက်ခံပြုမှုကိုရရှိခဲ့ပြီး အဲဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံအကြားမူဝါဒတွေနဲ့ ရင်းနှီးမြှုပ်နှံမှု တွေချိတ်ဆက်ပြီးနောက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ကမ္ဘာမှာ အသုံးပြုနေတဲ့ လက်ထီယမ်တစ်ဝက်စာနဲ့ လျှပ်စစ်ကားတွေ၊ ကာကွယ်ရေး လုပ်ငန်းတွေအတွက်အသုံးပြုတဲ့ ဘက်ထီရမ်တွေအတွက် မြေရှားသတ္တုအမျိုးအစားတွေကို ထောက်ပံ့ ပေးနိုင ပြီး ကမ္ဘာ့နိုင်ငံတွေဟာ အဲဒီသတ္တုတွေအတွက် အဓိကထုတ်လုပ်သူဖြစတဲ့ တရုတ်ထံမှ…

နောက်တက်လာမယ့် အစိုးရသစ်လုပ်ဆောင့်မယ့် အချက်၂၃ချက်ပါ ဘုံသဘောတူညီချက်ကို ထိုင်းပါတီရှစ်ခု စုပေါင်းလက်မှတ်ရေးထိုး

ဘန်ကောက်၊ မေ(၂၄) ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ အခြားသော ပါတီ၇ ခုတို့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး နောက် ရှေ့ဆက်လုပ်ဆောင်မယ့် အချက်(၂၃)ချက်ပါ ဘုံသဘောတူညီချက်ကို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသတွင်းသတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။ အဲဒီသဘောတူညီချက် (၂၃)ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာကို မေလ(၂၂)ရက်နေ့က လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ နောက်အစိုးရတစ်ရပ်ရဲ့ အခြေခံမူတွေကို ဖန်တီးရန်ဖို့နဲ့ ပါတီ…

နိုင်ဂျီးရီးယားရဲ့ ရေနံလုပ်ငန်းကို ပြန်လည် အသက် သွင်းဖို့ ဒေါ်လာ ဘီလျံ(၂၀)တန် သန့်စင်စက်ရုံဖွင့်လှစ်

အဘူဂျာ – မေ(၂၄) နိုင်ဂျီးရီးယား သမ္မတ မူဟာမတ် ဘူဟာရီက အနောက်အာဖရိက နိုင်ငံခေါင်းဆောင်တချို့ တက်ရောက်တဲ့ အခမ်းအနားတစ်ခုမှာ လက်ခ်ကီလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ဧရိယာထဲမှာ တစ်ရက်ကို စည်ပေါင်း (၆)သိန်း(၅)သောင်း ထုတ်ယူနိုင်တဲ့ ဒန်ဂိုတီရေနံချက်စက်ရုံကို တာဝန် ပေးအပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့တာက နိုင်ငံရဲ့လောင်စာဆီတင်သွင်းမှုကို အဆုံးသတ်ဖို့အတွက် ‘ဂိမ်းပြောင်းလဲမှု’ အဖြစ်သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် အလီကိုဒန်ဂိုတီ ပိုင်ဆိုင်တဲ့…