ဟနွိုင်း၊ သြဂုတ် ၁၁
ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးရေး ဗီယက်နမ်က သူတို့ နိုင်ငံမှာ အကြီးမားဆုံးနဲ့ အဆင့်အမြင့်ဆုံး ဖရီးဂိတ်သင်္ဘော စတင်တည်ဆောက်နေကြောင်း စစ်တပ်ပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒါနန်း စီးတီးမြို့ရှိ ဆောင်သူ သင်္ဘောကျင်းမှာ တည်ဆောက်နေတဲ့ သင်္ဘောဟာ ဗီယက်နမ် ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ စစ်ရေးပစ္စည်း ဒါမှမဟုတ် နိုင်ငံတွင်း စုစည်း တပ်ဆင်ထားတဲ့ သူတို့ရဲ့ အဆင့်အမြင့်ဆုံး လက်နက်တွေကိုလည်း တပ်ဆင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ ရေပြင် အငြင်းပွားမှုတွေမှာ ပါဝင်နေတာ ဖြစ်ပြီး တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ တခြား ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ရှိနေတဲ့ ဗီယက်နမ်က ရုရှားဆီက စစ်လက်နက် အများစု တင်သွင်းယူနေရမှုကို လျှော့ချပြီး ပြည်တွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တိုးချဲ့ရေး ကြိုးပမ်းနေပါတယ်။
အဲဒီ စီမံကိန်းက ဗီယက်နမ်အနေနဲ့ ကိုယ့်ကိုယ်ကိုအားကိုးပြီး ကိုယ်ကိုယ်ကို အားကောင်းအောင် လုပ်ဆောင်မယ့် နှစ်မျိုးသုံးနဲ့ ခေတ်မီ ကာကွယ်ရေး လုပ်ငန်း နယ်ပယ် တီထွင်ရေး မူဝါဒကို ဖော်ဆောင်နေတာ ဖြစ်တယ်လို့ အစိုးရရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
တခြား ကာကွယ်ရေး သုတေသနနဲ့ ထုတ်လုပ်ရေး အဖွဲ့တွေနဲ့ အတူ စစ်တပ်ဦးစီးတဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာကုမ္ပဏီ Viettel က ရေတပ်၊ ဆောင်သူ သင်္ဘောကျင်းတို့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး အဲဒီ သင်္ဘောတည် ဆောက်ရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာ သင်္ဘောပေါ်မှာတပ်ဆင်မယ့် လက်နက်တွေနဲ့ တခြား ကိရိယာတွေ ထုတ်လုပ်ရေးလည်း ပါဝင်နေပါတယ်။
ဗီယက်နမ်က ပြည်တွင်းထုတ် ဒုံးကျည်တင် သင်္ဘောတွေနဲ့ ကင်းလှည့်ယှဉ်တွေ ပိုမိုများပြားလာမှုနဲ့အတူ ရုရှားထုတ် ကီလိုအဆင့်ရှိ ရေငုပ်သင်္ဘောတွေနဲ့ ဂျီပါ့ဒ် အဆင့် ဖရီးဂိတ် သင်္ဘောတွေ ဝယ်ယူထားပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာက ရေတပ် ခေတ်မီစေရေး ဆောင်ရွက်ခဲ့ပါတယ်။
ဗီယက်နမ်က နိုင်ငံတကာ ကာကွယ်ရေး ကုန်စည်ပြပွဲကို ဒီဇင်ဘာလအတွင်း ဟနွိုင်းမြို့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဒါက တတိယအကြိမ်မြောက် ကျင်းပတဲ့ အလားတူ ကုန်စည်ပြပွဲ ဖြစ်ပါတယ်။
ဒါက ပြည်တွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ပိုမို အားကောင်းလာစေဖို့နဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူရရှိနိုင်တဲ့ အရင်းအမြစ်များ ပိုမိုများလာစေဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။
Ref:Reuters

