ဝါရှင်တန်၊ မေ ၉
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လျှို့ဝှက်ထားခဲ့တဲ့ ပန်းကန်ပြားပျံတွေလို အမျိုးအမည် မသိယာဉ်ပျံတွေရဲ့ လျှို့ဝှက်မှတ်တမ်း ပထမအသုတ်ကို အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က မေ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို အမျိုးအမည် မသိတဲ့ယာဉ်ပျံတွေရဲ့ မှတ်တမ်းတွေကို အမေရိကန် နိုင်ငံသားတွေကိုယ်တိုင် လေ့လာဖို့ အချိန်ကျပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆေ့ချ်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
ထင်ရှားတဲ့ ဖြစ်ရပ်တွေထဲမှာ အပိုလို ၁၁ အာကာသယာဉ်မှူး ဘတ်ဇ် အယ်ဒင်က လမျက်နှာပြင်အနီးမှာ အတော်အတန်ကြီးမားတဲ့ အရာတစ်ခုကို ၁၉၆၉ ခုနှစ်မှာ တွေ့မြင်လိုက်ရတယ်ဆိုတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။
အတော်လေး အရောင်တောက်တဲ့ အဲဒီ အလင်းတန်းဟာ လေဆာရောင်ခြည် ဖြစ်နိုင်တယ်လို့ အဲဒီ အာကာသယာဉ်မှူးက ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်း စစ်ဖက်ဆိုင်ရာ ကင်မရာတွေမှာ ရိုက်ကူ’ထားလိုက်တဲ့ ဗီဒီယိုဖိုင်တွေမှာ စာနဲ့ ရေးသားထားတဲ့ အစီရင်ခံချက်တွေလည်း ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ်က အရှေ့တရုတ် ပင်လယ်ပေါ်မှာ ဘောလုံးသဏ္ဍာန် အရာဝတ္ထုတစ်ခု အပါအဝင် အရာဝတ္ထုတွေ တွေ့ရှိခဲ့ပြီး အီရတ်၊ ဆီးရီးယားနဲ့ ယူအေအီးနိုင်ငံတို့အပေါ်မှာလည်း မတူညီတဲ့ အမြန်နှုန်းတွေနဲ့ ပျံသန်းနေတဲ့ အရာဝတ္ထုတွေကို တွေ့ရှိခဲ့ပါတယ်။
အဲဒီ လျှို့ဝှက်ထားတဲ့ ဖိုင်တွေကို အများပြည်သူရှေ့ချပြဖို့ သမ္မတ ဒေါ်နယ် ထရန့်က ဖော်ဖော်ဝါရီလအတွင်း ဖက်ဒရယ် အေဂျင်စီတွေကို ညွှန်ကြားခဲ့ပြီးနောက် အခုထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။
ဒီယာဉ်ပျံတွေဟာ ကမ္ဘာကြီးထက်ကျော်လွန်တဲ့ အရပ်က လာရောက်တဲ့ ဂြိုဟ်သားတွေရဲ့ ယာဉ်ပျံတွေ ဖြစ်နိုင်ပြီး ပန်းကန်ပြားပျံ စူးစမ်းသူ အများအပြား ရှိခဲ့ပါတယ်။
ပထမအသုတ် ထုတ်ပြန်ပေးလိုက်တဲ့ ဖိုင် ၁၆၂ ဖိုင်က အမျိုးအမည်မသိ ယာဉ်ပျံတွေနဲ့ ပတ်သက်လို့ လေ့လာလိုသူတွေအတွက် သတင်းအချက်အလက်တွေ အများရရှိမှာ ဖြစ်တယ်လို့ ပင်တဂွန်က ပြောပါတယ်။
ဒီဖိုင်တွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရင်က ဆက်သွယ်မှုတွေ၊ အက်ဖ်ဘီအိုင် မှတ်တမ်းတွေနဲ့ နာဆာ အာကာသယာဉ်မှူးတွေရဲ့ မှတ်တမ်းတွေ ပါဝင်ပါတယ်။
တချို့ဖိုင်တွေဟာဆိုရင် သက်တမ်း ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး ပန်းကန်ပြားပျံတွေ မြင့်လိုက်ရတယ်ဆိုတဲ့ မျက်မြင်တွေရဲ့ ပြောဆိုမှုတွေလည်း ပါဝင်ပါတယ်။
အက်ဖ်ဘီအိုင်မှတ်တမ်းတွေမှာ အဲဒီလို အရာဝတ္ထုမျိုးတွေကို ၅ စက္ကန့်ကနေ ၁၀ စက္ကန့် အထိ မြင်တွေ့လိုက်ရတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန် အစိုးရဟာ လူသားမဟုတ်တဲ့ သက်ရှိတွေနဲ့ အမျိုးအမည် ယာဉ်ပျံတွေ တွေ့ရှိမှု မှတ်တမ်းတွေ အများကြီး လက်ဝယ်ထိန်းချုပ်ထားပြီး အများရှေ့ မချပြဘဲ သိမ်းထားတယ်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း၊ သတင်းဖွင့်ချသူ ဒေးဗစ် ဂရုချ်က ပြောထားပါတယ်။
Ref:The Guardian

