ဝါရှင်တန်၊ မတ် ၁၄

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ဒုံးကျည် တစ်စင်းထိမှန်ပြီး မီးလောင်ပြီးမီးခိုးထွက်နေပုံ ဗီဒီယိုဖိုင်ကို အွန်လိုင်းမှာ ဝေမျှသူ များပြားနေပါတယ်။

အီရန်ရဲ့ အရေးအပါဆုံး ရေနံကျွန်းပေါ်ရှိ စစ်ရေး ပစ်မှတ်တွေ အားလုံးကို ရှင်းလင်းပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောထားပေမယ့် ရေနံ အခြေခံ အဆောက်အဦတွေ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။

အီရန် ကမ်းရိုးတန်းနဲ့ ၂၂ မိုင်အကွာမှာ ရှိတဲ့ ခါးချ်ကျွန်းဟာ သေးသေးလေး ဖြစ်ပေမယ့်ပင်လယ်ကွေ့ မြောက်ပိုင်းမှာ အရေးပါတဲ့ ဗျူဟာမြောက်နေရာ ဖြစ်ပါတယ်။

အီရန်က သူတို့ရဲ့ စွမ်းအင် အဆောက်အဦတွေ တိုက်ခိုက်ခံရရင် အမေရိကန်နဲ့ လက်တွဲ လုပ်ကိုင်နေတဲ့ ရေနံနဲ့ စွမ်းအင် အဆောက်အဦတွေကို ပြာပုံ ဖြစ်အောင် လုပ်ပစ်မယ်လို့ အီရန်က ကြွေးကြော်ထားပါတယ်။

အီရန်နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေ ထပ်ပြီး ပြင်းထန်လာဖို့ ရှိတယ်လို့ သတိပေးထားချိန်မှာ အီရန် မြို့တော် တီဟီရန်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးက လက်ဘနွန်ကိုလည်း ထပ်မံ တိုက်ခိုက်နေပြီး နောက်ဆုံး တိုက်ခိုက်မှုအတွင်း ဆေးဖက်ဆိုင်ရာ ဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ဒေသတွင်းရှိ အမေရိကန် အကျိုးစီးပွားတွေ စုဝေးရာ နေရာတွေမှာ ရှိနေသူတွေ ဘေးကင်းရာ စတင် ရွှေ့ပြောင်းနေကြပြီ ဖြစ်ပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ မေ ၁၃ ရက် ညသန်းခေါင်ကျော်အချိန် ဒေသခံတွေ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

တချို့ ဒေသခံတွေနဲ့ ဟိုတယ် ဧည့်သည်တွေ ကြောက်လန့်ပြီး မြေအောက်ထပ် ကားရပ်နားရာနေရာမှာ ရှောင်တိမ်းခဲ့ကြရပါတယ်။

အီရန်မြို့တော် တီဟီရန်ကတော့ လေကြောင်း တိုက်ခိုက်မှု ဒဏ်ကို အလူးအလဲ ခံနေရချိန်မှာ အမေရိကန်က စစ်ပွဲ မကြာခင် ပြီးတော့မယ်လို့ ပြောထားပါတယ်။

နောက်ထပ် ပစ်မှတ်တွေကိုလည်း ပစ်အားတိုးမြှင့် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.