နာရာ၊ ဇန်နဝါရီ ၂၁

၂၀၂၂ ခုနှစ်က နာရာမြို့ စုဝေးပွဲ တစ်ခုမှာ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးအား ပစ်သတ်ခဲ့သူကို သုံးနှစ်ခွဲအကြာမှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ အမှုမှာ တရားခံ တတ်ဆူယာ ယာမာဂါမီ ကိုယ်တိုင်က သူကျူးလွန်ခဲ့တဲ့ အမှု အတွက် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပေမယ့် သူ့ကို ဘယ်လို ပြစ်ဒဏ်မျိုးချမှတ်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ဂျပန်ပြည်သူတွေ သဘောထား ကွဲလွဲခဲ့ကြပါတယ်။

အသက် ၄၅ နှစ်အရွယ် ယာမာဂါမီကို သွေးအေး လူသတ်ကောင်အဖြစ် ရှုမြင်ထားသူတွေ အများကြီး ရှိပေမယ့် တချို့က သူရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာနာခဲ့ကြပါတယ်။

ယာမာဂါမီဟာ သူ့ရဲ့ ရဲတင်းတဲ့ လုပ်ရပ်အတွက် တစ်သက်တစ်ကျွန်း ထောင်ဒဏ်နဲ့ ထိုက်တန်တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ရှင်ဇိုအာဘေး လုပ်ကြံခံရမှုကြောင့် သေနတ်ကိုင် အကြမ်းဖက်မှု မရှိသလောက် နည်းပါတဲ့ ဂျပန်နိုင်ငံမှာ လူအများ ထိတ်လန့်ခဲ့ရပါတယ်။

ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ယာမာဂါမီဟာ ဘာသာရေးအရ စော်ကားခံရသူ တစ်ယောက် ဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေတွေက လျှောက်လဲခဲ့ကြပါတယ်။

သူ့ရဲ့ မိခင်က ပေါင်းစည်းရေး ဘုရားကျောင်းအပေါ် နှစ်နှစ်ကာကာ ယုံကြည် သက်ဝင်မှုကြောင့် မိသားစု မွဲပြာကျခဲ့ရပါတယ်။

အဲဒီ အငြင်းပွားဖွယ် ဘုရားကျောင်းနဲ့ အာဘေးကြား ဆက်နွယ်မှု ရှိတယ်ဆိုတာကို သိသွားပြီးနောက် ယာမာဂါမီက သူ့အပေါ် အငြိုးထားခဲ့ပါတယ်။

ဇန်နဝါရီ ၂၁ ရက်က နာရာမြို့ တရားရုံးမှာ အမိန့်ချမှတ်ဖို့ ကြားနာချိန် တရားရုံး အပြင်ဖက်မှာ လူ ၇၀၀ နီးပါး စုဝေးခဲ့ကြပါတယ်။

နေ့ခင်းကြောင်တောင် မိန့်ခွန်း ပြောနေချိန် အာဘေး လုပ်ကြံခံရပြီးနောက် အငြင်းပွားဖွယ် ဘုရားကျောင်းရဲ့ မေးခွန်းထုတ်စရာ လုပ်ရပ်တွေကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးခဲ့ကြပါတယ်။

အဲဒီ အမှုဟာ ဂျပန် အာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ဆက်နွယ်နေကြောင်း စုံစမ်း သိရှိခဲ့ပြီး နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ နုတ်ထွက်သွားခဲ့ပါတယ်။

အာဘေးဟာ ဂျပန် ရာဇဝင်မှာ သက်တမ်း အကြာရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ပြီး လူအများ အသိအမှတ်ပြုမှု အများဆုံးပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။

ယာမာဂါမီသူ သူ့ရဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဖခင်ရဲ့ အသက်အာမခံနဲ့ တခြားမိသားစု ပိုင်ဆိုင်မှုတွေကို မိခင်ဖြစ်သူက ပေါင်းစည်းရေး ဘုရားကျောင်းသို့ လှူဒါန်းလိုက်ချိန်မှာ အကြီးအကျယ် စိတ်ပျက်သွားခဲ့ ပါတယ်။

ကနဦးမှာ သူက ဘုရားကျောင်းကို တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး အာဘေးကို လုပ်ကြံဖို့ မဟုတ်ဘူးလို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.