ရေဖြူ၊ ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှူး ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှူး နဂါးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကော်မရှင်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ တပ်ရင်းမှူး နဂါးဟာ တိကျပြတ်သားမှုနဲ့အတူ စစ်ရေးအပါအဝင် စီမံအုပ်ချုပ်မှုအားကောင်းသူ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တပ်ရင်းမှူး နဂါး ကျဆုံးသွားပေမယ့် စစ်အာဏာရှင်ကျရှုံးရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တာဝန်တွေကို ကျန်ရစ်တဲ့ ရဲဘော်တွေက ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.