2025

ရွေးကောက်ပွဲ လုံခြုံ‌ရေးနဲ့ မဲဆွယ်စည်းရုံးရေးအပေါ် နိုင်ငံ‌ရေးပါတီတွေ ဘာပြောလဲ

နေပြည်တော် ၊ ဩဂုတ် ၁၅ ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လုံခြုံရေးအပါအဝင် မဲဆွယ်စည်းရုံးရေးတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ ပါတီတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ အင်အားစုတွေက စစ်အုပ်စုအသက်ဆက်ဖို့နဲ့ အာဏာ သိမ်းမှု တရားဝင်ဖြစ်ရေးအတွက် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို မရရတဲ့နည်းနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့…

မော်လမြိုင်မြို့အဝင် တံတားပိတ်ချိန် အချိန်ပြန်ပြောင်း

မော်လမြိုင် ၊ ဩဂုတ် ၁၅ လုံခြုံရေးအကြောင်းပြချက်နဲ့ တံတားပိတ်ချိန် တိုးမြှင့်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် တံတားပိတ်ချိန်တွေကို အချိန်ပြန်ပြောင်း သတ်မှတ်လိုက်တယ်လို့ ပြည်နယ်စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ပြည်နယ် စစ်ကော်မရှင်ဟာ မော်လမြိုင်မြို့အဝင် တံတားတွေဖြစ်တဲ့ သံလွင်တံတား (မော်လမြိုင်)၊ အတ္ထရံတံတား (မော်လမြိုင်)နဲ့ သံလွင်တံတား (ချောင်းဆုံ) တို့ကို ပြီးခဲ့တဲ့ဇူလိုင်လနဲ့ အခုလအတွင်း တံတားပိတ်ချိန် တိုးမြှင့်ခဲ့တာပါ။ သြဂုတ်…

မုဒုံမြို့အဝင်မှာ အစစ်ဆေးကြမ်းနေ

မုဒုံ၊ သြဂုတ် ၁၅ မွန်ပြည်နယ် မုဒုံမြို့အဝင် ခုနှစ်ခွေတောင်အဆင်းလမ်းမှာ စစ်ကော်မရှင်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေးမှုတွေ တိုးချဲ့လာတယ်လို့ ခရီးသွားပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ်ပထမအပတ်ကစလို့ စစ်ကော်မရှင်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ ခုနှစ်ခွေတောင်အဆင်းလမ်းတလျှောက်မှာ လုံခြုံရေးအပြည့်နဲ့ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ အဲဒီစစ်ဆေးရေးမှာ ခရီးသွားပြည်သူ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ လက်ကိုင်ဖုန်းအပါအဝင် ပိုက်ဆံအိတ်ကအစ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး မထင်ရင် မထင်သလို…

ဘီးလင်းမှာ လူငယ်တွေ ပေါ်တာဆွဲခံနေရ

ဘီးလင်း၊ ဩဂုတ် ၁၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-တောင်စွန်းကျေးရွာချင်းဆက်လမ်းပိုင်း လူငယ်တွေ ဆက်တိုက်ဆိုသလို ပေါ်တာဆွဲခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့နဲ့ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေဟာ သြဂုတ်ဒုတိယအပတ်ကစလို့ ဘီးလင်း-တောင်စွန်းကျေးရွာ ချင်းဆက်လမ်းပိုင်းမှာ မထင်ရင်မထင်သလို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ညနေ အလုပ်ပြန်တဲ့အချိန်တွေမှာ အများဆုံး ဖမ်းဆီးနေတာ ဖြစ်ပြီး…

သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ဘင်္ဂလားဒေ့ချ် ယာယီ ခေါင်းဆောင် ကတိပြု

ဒါကာ၊ သြဂုတ် ၁၄ လာမယ့် ဖေဖော်ဝါရီမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးဖို့ ဘင်္ဂလားဒေ့ချ် အိမ်စောင့်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ပြီးမြောက်အောင် အလျင်အမြန် လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေကြုံတွေ့ခဲ့ရပြီးနောက် ဒါက ပထမဆုံး ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို…

ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ဖြုတ်ချရေးအမှု ထိုင်းတရားရုံး ဆုံးဖြတ်တော့မယ်

ဘန်ကောက်၊ သြဂုတ် ၁၄ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ သံတမန်ရေးရာ အချင်းများမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာအား ထုတ်ပယ်ရေး တောင်းဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ သြဂုတ်၂၉ ရက်မှာ ဆုံးဖြတ်သွားမယ်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သြဂုတ် ၁၃ ရက်က ကြေညာပါတယ်။ ဆယ်စုနှစ်များစွာအတွင်း နှစ်နိုင်ငံကြား အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားစေခဲ့တဲ့…

ရေဖြူတိုက်ပွဲမှာ စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှုများ

ရေဖြူ၊ သြဂုတ် ၁၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာမှာ မနေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ရာမညမွန်တပ်တော် RMA က ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ သြဂုတ် ၁၃ ရက်နေ့က ကော့လှိုင်ကျေးရွာအနီးကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ မနက် ၁၁ နာရီခွဲအချိန်ခန့်မှာ တစ်ကြိမ်၊…

ရွေးကောက်ပွဲကာလ လုံခြုံရေးမကျိုးပေါက်ရေး အထူးအလေးထားဖို့ စစ်ကော်မရှင်ပြော

နေပြည်တော်၊ ဩဂုတ် ၁၃ ရွေးကောက်ပွဲဆိုင်ရာကာလတွေအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအတွက် အထူးအ လေးထား လိုက်နာဆောင်ရွက်ကြဖို့ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။ သြဂုတ် ၁၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သတိပေးပြောဆိုခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၆၅၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၆၃) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၄ AAPP ရဲ့ သြဂုတ် ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၅၅) ရက်အတွင်း ပြည်သူ (၇၀၆၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၃၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

၅၀ ရာခိုင်နှုန်းနဲ့ အထက် ဆန္ဒမဲပေးနိုင်ရင် လူထုအများစုရဲ့ ဆန္ဒလို့ သတ်မှတ်နိုင်ကြောင်း စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဩဂုတ် ၁၄ ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ဆန္ဒမဲပေးနိုင်ရင် လူထုအများစုရဲ့ ဆန္ဒပါဝင်တယ်လို့ သတ်မှတ်နိုင်မှာဖြစ်ကြောင်း စစ်ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ဩဂုတ် ၁၂ နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်လို့ခေါ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ရဲ့ ပထမကြိမ် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲဥပဒေမှာ…