ရေဖြူ၊ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲ စစ်ဆင်ရေးသွားတဲ့ ရာမညမွန်တပ်တော် RMA စစ်ဒေသမှူးတစ်ဦးဟာ ယာဉ်တိုက်ခံရတာကြောင့် ကျဆုံးသွားတယ်လို့ တပ်တော်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရာမညမွန်တပ်တော် RMA ရဲ့ ရေဖြူစစ်ဒေသမှူး ဗိုလ်မှူး မိုးကြိုးဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က ရေဖြူမြို့နယ် ကျွဲတလင်းကျေးရွာနဲ့ရာဖူးကျေးရွာကြားမှာ ယာဉ်တိုက်ခံရပြီး ကျဆုံးသွားတာ ဖြစ်ပါတယ်။

RMA ရေဖြူစစ်ဒေသမှူး ဗိုလ်မှူး မိုးကြိုးဟာ စစ်ဆင်ရေးအတွက် ကားလမ်းမပေါ် ထွက်လာစဉ် အရပ်သား ကားတစ်စီးက မမြင်ဘဲ ဝင်တိုက်ဆွဲသွားတာကြောင့် ကျဆုံးသွားတာပါ။

ယာဉ်တိုက်မှုကြောင့် ကျဆုံးသွားတဲ့ ဗိုလ်မှူး မိုးကြိုးရဲ အလောင်းကိုတော့ သက်ဆိုင်ရာတပ်ရင်းထံ ပြန်လည်သယ်ဆောင်လာပြီး နာရေးပြုလုပ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ ဗိုလ်မှူး မိုးကြိုးဟာ ရာမညမွန်တပ်တော် RMA ရဲ့ စစ်ဆင်ရေးတွေကို ဦးဆောင်သူ တစ်ဦး ဖြစ်ပြီး သဘောကောင်းသလို တိုက်ရေးခိုက်ရေး ကောင်းသူတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရာမညမွန်တပ်တော် RMA ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ရေးလှုပ်ရှားပြီး စစ်ကော်မရှင်ကို တော်လှန်ရေးတိုက်ခိုက်နေတဲ့ မွန်တော်လှန်ရေးတပ်ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.