အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၁

နိုင်ငံတွင်းရှိ မွတ်စလင်တွေအပေါ် ဆက်လက် ဖိနှပ်မှုတွေ ရှိနေချိန် မြန်မာနိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်တပ်အုပ်ချုပ်သူတွေအပေါ် လက်နက်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်မှာ ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

လေယာဉ်ဆီ ထောက်ပံ့မှု ရပ်ဆိုင်းရေး၊ နှစ်မျိုးသုံး နည်းပညာနဲ့ လက်နက်တွေ လွှဲပြောင်းပေးမှု ရောင်းချမှု၊ လုံခြုံရေး အကူအညီပေးမှု ရပ်တန့်ရေး၊ လက်နက် ပိတ်ဆို့မှု ပြုလုပ်ရေး အပါအဝင် မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးသို့ လွှဲပြောင်းပေးရေး ဘာမှအရေးယူဆောင်ရွက်မှု မရှိတာ အဆုံးသတ်ဖို့ The Burma Human Rights Network အဖွဲ့က ကုလ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

အခုလ နှောင်းပိုင်း ကျင်းပဖို့ စီစဉ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံက ငြင်းပယ်ဖို့ အစည်းအဝေး အားလုံးက စစ်ကော်မရှင်ကို တားမြစ်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို အရေးယူဖို့လည်း အဲဒီ အဖွဲ့က တိုက်တွန်းထားပါတယ်။

အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ချ် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေအနေနဲ့ ဒုက္ခသည် ပြဿနာကို ဒေသ တစ်ခုလုံးအနေနဲ့ တုံ့ပြန်ပေးဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အားလုံးကို အကူအညီနဲ့ အကာအကွယ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားရေး အကူအညီနဲ့ ဥပဒေဆိုင်ရာ အကူအညီ ပေးဖို့လည်း အဲဒီ လူ့အခွင့်အရေး အဖွဲ့က လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

ပြည်တွင်းမှာ စစ်ဘေးရှောင်နေရသူတွေကို နယ်စပ်ဖြတ်ကျော် အရေးပေါ် အကူအညီ ပေးပို့ခွင့် ပေးဖို့လည်း အဲဒီ အဖွဲ့က တိုက်တွန်းပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာခဲ့ပြီးနောက် ၇၇ နှစ်ကြာအထိ မြန်မာနိုင်ငံမှာ မွတ်စလင်တွေဟာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ The Burma Human Rights Network အဖွဲ့က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ တန်းတူညီမျှရေး၊ လုံခြုံရေး၊ ဂုဏ်သက္ခာ စတာတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို စစ်တပ်က စနစ် ချိုးဖောက်နေတာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီ ဖြစ်ပြီး ပြစ်ဒဏ် ကင်းလွတ်ခွင့်နဲ့ ကျူးလွန်နေတာကြာပြီ ဖြစ်ကြောင်းလည်း အဲဒီ လူ့အခွင့်အရေး အဖွဲ့က ဆိုပါတယ်။

ရိုဟင်ဂျာတွေနဲ့ မွတ်စလင်တွေအပါအဝင် လူနည်းစုတွေဟာ ဆယ်စုနှစ် ၈ စုနီးပါးကြာတဲ့ အထိ ထိန်းချုပ်မှုတွေ ဘေးဖယ်ထားမှု အကြပ်ကိုင်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။

ကမ္ဘာတဝှမ်း အစိုးရတွေ အနေနဲ့ စစ်ကော်မရှင်ရဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေကို တားဆီးကြဖို့နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူပေးဖို့လည်း လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။
Ref:AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.