တိုကျို၊ ဒီဇင်ဘာ ၅
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အားဘေးကို လုပ်ကြံသတ်ဖြတ်တယ်လို့ စွပ်စွဲခံထားခံထားသူက ကျန်ရစ်သူ မိသားစုကို ပထမဆုံး ပြန်လည် တောင်းပန်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အာဘေးကို လုပ်ကြံသတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း စောစောပိုင်းက ထွက်ဆိုထားတဲ့ တီဆူယာ ယာမာဂါမီက အာဘေးရဲ့ ဇနီး အာကီအေးအတွက် ရင်ထဲ နှလုံးသားထဲက စိတ်မကောင်း ဖြစ်ရကြောင်း ဒီဇင်ဘာ ၄ ရက်က တရားရုံးသို့ ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်က နိုင်ငံအနောက်ပိုင်းမြို့ နာရာမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး ဆိုင်ရာ မဲဆွယ်ပွဲ အခမ်းအနားအတွင်း ယာမာဂါကီက လက်လုပ်သေနတ်နဲ့ အာဘေးကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အာဘေးဟာ သေနတ်ဒဏ်ရာနဲ့ အဲဒီနေ့မှာပဲ ဆေးရုံမှာ ဆုံးပါးသွားခဲ့ပါတယ်။ အာဘေး သေဆုံးမှုကြောင့် ကမ္ဘာတဝှမ်း ထိတ်လန့် အံ့သြခဲ့ကြပါတယ်။

အာဘေးဟာ နိုင်ငံခြားရေးမှာ စစ်ပွဲလို မူဝါဒတွေ ချမှတ်လုပ်ဆောင်တာနဲ့ သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေး မူဝါဒတွေကြောင့် လူသိများခဲ့သူ ဖြစ်ပါတယ်။
“ကျွန်တော့်ကြောင့် သူတို့ မိသားစု သုံးနှစ်ခွဲလောက် ခံစားခဲ့ကြရပါတယ်။ ကျွန်တော့်မှာ ဆင်ခြေပေးစရာ မရှိပါဘူး” လို့ ယာမာဂါမီက တရားရုံးသို့ ဒီဇင်ဘာ ၄ ရက်မှာ ပြောကြားခဲ့ကြောင်း ဂျပန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ယာမာဂါမီက သူ့မိခင်နဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေကို မွဲပြာကျစေခဲ့တဲ့ ပေါင်းစည်းရေး ဘုရားကျောင်းကို အာဘေးက အားပေးအားမြှောက်လုပ်တာကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးသူတွေကို ပြောဆိုထားပါတယ်။
ယာမာဂါမီရဲ့ စွပ်စွဲမှုတွေကြောင့် အဲဒီ ဘုရားကျောင်းကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးခဲ့ပါတယ်။
တောင်ကိုရီးယားမှာ အစပြုခဲ့တဲ့ အဲဒီ ဘုရားကျောင်းဟာ အစုလိုက် အပြုံလိုက် လက်ထပ် ထိမ်းမြားမှုတွေအတွက် လူသိများပါတယ်။
လက်ထပ် ထိမ်းမြားမှုဟာ စိတ်ဝိညာဉ် ကယ်တင်ရေးအတွက် အဓိက ကျတယ်ဆိုတဲ့ သင်ကြားပြသမှုတွေကြောင့် အဲဒီ ဘုရားကျောင်းဟာ အာဘေး လုပ်ကြံ မခံရခင် ကတည်းက အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။
အခုနှစ် မတ်လအတွင်း တိုကျိုရှိ တရားရုံး တစ်ရုံးက အဲဒီ ဘုရားကျောင်းကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပေမယ့် ဘုရားကျောင်းက တရားရုံး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဂျပန် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ အာဘေးရဲ့ အဘိုး ဖြစ်သူ နိုဘူဆူကီ ကီရှီဟာလည်း သူ့ရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး သဘောထားကြောင့် အဲဒီ ဘုရားကျောင်းနဲ့ နီးစပ်သူ ဖြစ်တယ်လို့ သိရပါတယ်။
အာဘေးကိုယ်တိုင်လည်း အဲဒီ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေမှာ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ကြားနာမှုအတွင်း အာဘေးရဲ့ ဇနီးက လင်သားတစ်ယောက် ဆုံးရှုံးရလို့ ဝမ်းနည်းရတာဟာ သက်သာသွားမှာ မဟုတ်ဘူးလို့ တရားရုံးသို့ ပြောကြားထားပါတယ်။
Ref:BBC

