မော်လမြိုင် ဒီဇင်ဘာ ၄

အမေရိကန် အလွတ်တန်းသတင်းထောက် ကောလင်းမေဖီးဆိုသူဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေအကြောင်း သတင်းယူနေချိန် မြေမြှုပ်မိုင်း နင်းမိရာကနေ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ် တီးတိန်မြို့နယ်မှာရှိတဲ့ ကနေဒီတောင်အနီး PDF-Zoland စစ်ကြောင်းနဲ့အတု လိုက်ပါစဉ်မှာ သတင်းထောက် မေဖီးလ်ဟာ မြေမြှုပ်မိုင်းကို မတော်တဆ နင်းမိခဲ့တယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သူ့ရဲ့ ဘယ်ဘက်ခြေထောက်မှာ ခြေချောင်းတွေ ဆုံးရှုံးခဲ့ရပြီး ဘယ်ဘက် လက်မောင်းနဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သတင်းထောက် မေဖီးလ်ကို အိန္ဒိယနိုင်ငံဆီ ချက်ချင်း ပြောင်းရွှေ့ပေးခဲ့ပြီး လက်ရှိမှာတော့ မီဇိုရမ်ပြည်နယ် အိုင်ဇောမြို့က Ebenezer ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်းက စစ်မြေပြင်သတင်းယူရမှာ လူသိများတဲ့ သတင်းထောက်မေဖီးလ်ဟာ မကြာသေးမီက “The Chin Resistance” အမည်နဲ့ အပိုင်း ၃ ပိုင်းပါ မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးခဲ့ပီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အကြောင်း ထဲထဲဝင်ဝင် ဖော်ပြခဲ့ပါတယ်။

Ref:indiatodayne

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.