November 12, 2025

ဂျော်ဂျီယာမှာ တူရကီ စစ်ဖက်လေယာဉ် ပျက်ကျမှုကြောင့် စစ်မှုထမ်းအယောက် ၂၀ လုံး သေဆုံး

အန်ကာရာ၊ နိုဝင်ဘာ ၁၂ ဂျော်ဂျီယာမှာ ပျက်ကျသွားတဲ့ စစ်ဖက် ကုန်တင်လေယာဉ်ပေါ် လိုက်ပါသွားတဲ့ စစ်မှုထမ်း ၂၀ ဦးလုံး သေဆုံးသွားကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ကြေညာပါတယ်။ C-130 လေယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံ ဂန်ဂျာမြို့က ထွက်ခွာလာပြီး တူရကီသို့ အပြန် လမ်းမှာ အဇာဘိုင်ဂျန်နယ်စပ်အနီး ဂျော်ဂျီယာနိုင်ငံ ဆင်နာဂီဒေသမှာ နိုဝင်ဘာ…

ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သတ်ပစ်မယ်လို့ တရုတ် အရာရှိ ခြိမ်းခြောက်

ဘေဂျင်း၊ တိုကျို၊ နိုဝင်ဘာ ၁၂ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ စစ်ပွဲမှာ ဂျပန် ပါဝင်နိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ပြောကြားပြီးနောက် သူ့ကို ခေါင်းဖြတ်သတ်ပစ်မယ်လို့ တရုတ်အရာရှိတစ်ဦးက ခြိမ်းခြောက်လိုက်ပါတယ်။ ပိတ်ဆို့ထားတာမျိုးလို ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ အရေးယူရင် ရှင်သန်ရေး အန္တရာယ်ကျရောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပြီး ဂျပန်အနေနဲ့ မဖြစ်မနေ ဝင်ပါလာရနိုင်တယ်လို့ ဝန်ကြီချုပ်…

မောတောင်မြို့မှာ တိုက်ပွဲဖြစ်လို့ မြို့လုံးကျွတ် ထွက်ပြေးနေရ

တနင်္သာရီ၊ နိုဝင်ဘာလ ၁၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေလို့ မြို့လုံးကျွတ်ထွက်ပြေးနေရကြောင်း KNU တပ်မဟာ ၄ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၆ နာရီလောက်ကစတင်ပြီး မြို့အနီးမှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ…

တစ်လအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ချ အလင်းဝင်

တနင်္သာရီ နိုဝင်ဘာ ၁၂ ၂၀၂၅ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်ရဲ့ စစ်သား အပါအဝင် ရဲနဲ့ပြည်သူ့စစ် စုစုပေါင်း ၁၂၅ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်တပ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၁၂၅…

အမေရိကန်အစိုးရ ပိတ်သိမ်းမှုကိစ္စမှာ ကြီးကြီးမားမား အောင်ပွဲရတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂ အမေရိကန်စစ်ပြန်တွေကို ဂုဏ်ပြုတဲ့ နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ သမ္မတ ဒေါ်နယ် ထရန့်က အမေရိကန် အစိုးရဌာနတွေ အရှည်ကြာဆုံး ပိတ်သိမ်းထားရမှုနဲ့ ပတ်သက်လို့ ပြိုင်ဖက် ဒီမိုကရက်တို့အပေါ် အောင်ပွဲရလိုက်တယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာပြောလိုက်ပါတယ်။ လွှတ်တော်ဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေ အဆုံးသတ်စေရေး လမ်းပွင့်သွားစေမယ့် သဘောတူညီမှုအတွက် ဒီမိုကရက်တို့က နိုဝင်ဘာ…

အချုပ်အခြာအာဏာ ကာကွယ်ရေး ထိုင်းစစ်တပ်ကို မီးစိမ်းပြထား

ဘန်ကောက်၊ နိုဝင်ဘာ ၁၂ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ ဆက်စပ်တဲ့ လုပ်ရပ်အားလုံးကို ထိုင်းအစိုးရက ရပ်ဆိုင်းထားပြီး နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ရေး လိုအပ်တဲ့ စစ်ဆင်ရေးတွေ အပြည့်အဝ ပြုလုပ်ဖို့ စစ်တပ်ကို ခွင့်ပြုထားပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်းနယ်စပ် ဆီဆာခတ် ပြည်နယ်မှာ နိုဝင်ဘာ ၁၀…

စစ်အာဏာသိမ်း (၁၇၄၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၂ AAPP ရဲ့ နိုဝင်ဘာ ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၄၅) ရက်အတွင်း ပြည်သူ (၇၄၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၉၄၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာ့အရေး အသိအမှတ်ပြုမှု နိုင်ငံသားတွေဆီက စစ်ကော်မရှင်မျှော်လင့်

မော်လမြိုင် ၊ နိုဝင်ဘာ ၁၂ လာမယ့် နှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကို မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေဆီက အသိအမှတ်ပြု ဆုံးဖြတ်မှုကို စစ်ကော်မရှင်က မျှော်လင့်နေပါတယ်။ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို မိတ်ဖက်နိုင်ငံတချို့ကလွဲရင် ကုလသမဂ္ဂနဲ့ အီးယူအပါအဝင် နိုင်ငံတကာက ထောက်ခံမှု မရှိတဲ့အပေါ် စစ်ကော်မရှင် ပြောခွင့်ရ…

လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၅၀၀ နီးပါး ထွက်ပြေးနေရ

လောင်းလုံး၊ နိုဝင်ဘာ ၁၂ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ လောင်းလုံးမြို့ပေါ်ကတဆင့် ညင်းမော်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ ညင်းမော်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ အဲဒီနေ့ ညပိုင်းမှာတော့ ကျေး…

KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်အပါအဝင် ၂၂ ဦး အမှုဖွင့်ခံရ

သထုံ၊ နိုဝင်ဘာ ၁၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပစိုစောစိုးမြင့်အပါအဝင် ၂၂ ဦးကို ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။ KNU သထုံခရိုင်ဟာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် နိုဝင်ဘာ ၅ ရက်နေ့က သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်းမှာ…