ဝါရှင်တန်၊ နိုဝင်ဘာ ၆
အစိုးရဌာများ ပိတ်ထားရမှု စံချိန်တင် ကြာမြင့်နေပြီး ၃၆ ရောက်မြောက်နေ့ထဲ ဝင်ရောက်လာချိန် လေကြောင်း ထိန်းချုပ်ရေးဘေးအန္တရာယ်ကင်းရေး စိုးရိမ်မှုတွေကြောင့် အမေရိကန်ရှိ အဓိကလေဆိပ် ၄၀ မှာ နိုဝင်ဘာ ၆ ရက်က စတင်ပြီး ခရီးစဉ်တွေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမှာ ဖြစ်ကြောင်း အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင် ဒူဖီက ပြောပါတယ်။
အဲဒီ အစီအစဉ်ကြောင့် လေကြောင်းလိုင်းတွေဟာ ၃၆ နာရီ တွင်း လေကြောင်း ခရီးစဉ်တွေ လျှော့ချဖို့ အလျင်အမြန် လုပ်ဆောင်ခဲ့ရပြီး လာမယ့် ရက်ပိုင်းအတွင်း လေယာဉ်နဲ့ ခရီးသွားမယ့် လူတွေ စိုးရိမ်ပူပန်နေကြပါတယ်။

အစိုးရဌာနများ ပြန်ဖွင့်ရေး ဒီမိုကရက်တို့ သဘောတူညီရင် လေကြောင်းခရီးစဉ် လျှော့ချမှု အဆုံးသတ်မှာ ဖြစ်ကြောင်း ဝန်ကြီး ဒူဖီက ပြောပါတယ်။
အမေရိကန် ရာဇဝင်မှာ အရှည်ကြာဆုံးဖြစ်တဲ့ အစိုးရဌာနများ ပိတ်သိမ်းထားရမှုကြောင့် လေကြောင်းထိန်းချုပ်သူ ၁၃၀၀၀ နဲ့ ပို့ဆောင်ရေး လုံခြုံရေးစီမံခန့်ခွဲရေး အေးဂျင့် ၅၀၀၀၀ လစာမရဘဲ အလုပ်လုပ်ပေးနေကြရပါတယ်။
အစိုးရဌာနများ ပိတ်ထားရမှု အဆုံးသတ်ရေး ထရန့်အစိုးရက ဒီမိုကရက်တွေကို ဖိအားပိုပေးဖို့ ကြိုးပမ်းနေပြီး အစိုးရဌာနများ ပြန်ဖွင့်ရေး ဒီမိုကရက်တို့ သဘောတူအောင် လေကြောင်းလိုင်းတွေကို ဖိအားပေးလာတာ ဖြစ်ပါတယ်။

အဓိက ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ကြေးတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဖို့ ငြင်းဆန်နေကြတဲ့ ရီပက်ဘလေကန်တွေကို ဒီမိုကရက်တို့က အပြစ်တင်ထားပါတယ်။
အစိုးရဌာနများ စတင် ပိတ်သိမ်းပြီးကတည်းက လေကြောင်းထိန်းချုပ်ရေး ဝန်ထမ်းတွေ မလုံလောက်တဲ့အတွက် လေကြောင်း ခရီးစဉ် ထောင်နဲ့ချီပြီး ကြန့်ကြာခဲ့ပြီး ဖြစ်ပါတယ်။
လေကြောင်း ထိန်းချုပ်ရေး ဝန်ထမ်းတွေ မလုံလောက်တာကြောင့် ခရီးသွား ၃ ဒသမ ၂ သန်းအထိ ထိခိုက်နစ်နာခဲ့ရပြီး ဖြစ်တယ်လို့ လေကြောင်းလိုင်းတွေက ပြောပါတယ်။
လေပိုင်နက် ဘေးကင်းစေဖို့ အခုလို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာ ဖြစ်တယ်လို့ ဝန်ကြီး ဒူဖီက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် လေကြောင်းလိုင်းကြီးတွေကို တိုက်တွန်းရာမှာ လေကြောင်း စီမံခန့်ခွဲရေးဌာနက အစပိုင်းမှာ ၄ ရာခိုင်နှုန်း၊ စနေနေ့မှာ ၅ ရာခိုင်နှုန်းနဲ့ တနင်္ဂနွေနေ့မှာ ၆ ရာခိုင်နှုန်း လာမယ့် သီတင်းပတ်မှာ ၁၀ ရာခိုင်နှုန်း လျှော့ချဖို့ ပြောဆိုထားပါတယ်။
Ref:Reuters
အဲဒီ မုန်တိုင်းဟာ ပြင်းထန်တဲ့ လေတိုက်ခတ်နှုန်းနဲ့အတူ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဦးတည်နေပြီး ကမ်းရိုးတန်းနေ လူထောင်ပေါင်းများစွာကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။
မုန်တိုင်းကြောင့် ၂၆ ပေအထိ မြင့်တဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်နိုင်ကြောင်း ဗီယက်နမ် မိုးလေဝသဌာနက သတိပေးထားပါတယ်။
အုခုနှစ် အားအပြင်းဆုံး မုန်တိုင်းတွေထဲက တစ်ခု ဖြစ်တဲ့ ကာမေဂျီကြောင့် ဗီယက်နမ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ဆိုးရွားတဲ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
ဗီယက်နမ်မှာ လေကြောင်း ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်းထားပြီး လေဆိပ် ခြောက်ခု လည်ပတ်မှု ရပ်ဆိုင်းထားပါတယ်။
အဲဒီ မုန်တိုင်းဟာ အရမ်း မူမမှန်တဲ့ မုန်တိုင်း ဖြစ်တယ်လို့ ဗီယက်နမ် လက်ထောက် ဝန်ကြီးချုပ် ထရန် ဟောင်ဟာက ပြောကြားပြီး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ် ဆောင်ရွက်ကြဖို့ ဒေသဆိုင်ရာ အရာရှိတွေကို တိုက်တွန်းထားပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုဝင်ဘာ ၅ ရက်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ လူနေအထူထပ်ဆုံး ကျွန်းဖြစ်တဲ့ ချီဘူးဒေသမှာ မြို့တွေ တစ်မြို့လုံး ရေလွှမ်းသွားခဲ့ပြီး သေဆုံးသူ ၇၁ ဦး ရှိခဲ့ပါတယ်။
နောက်ထပ် သေဆုံးသူ ၁၂၇ ဦး ရှိပြီး ဒဏ်ရာရသူ ၈၂ ဦး ရှိတယ်လို့ ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။
ချီဘူး ပြည်နယ်မှာ နောက်ထပ် သေဆုံးသူ ၂၈ ဦး ရှိပြီး အရပ်ဖက် ကာကွယ်ရေးရုံးက ထုတ်ပြန်တဲ့ စာရင်းမှာ မပါဝင်သူတွေ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဖိလစ်ပိုင်မှာ ကာမေဂျီကြောင့် အပျက်အဆီးများစွာ ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ် မုန်တိုင်း တစ်ခုလည်း သီတင်းပတ်ကုန်ရက်တွေမှာ ဝင်ရောက်လာနိုင်တာကြောင့် အရေးပေါ် အခြေအနေ ကြေညာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။
ဒေသ ၁၀ ခုကနေ ၁၂ ခု အထိ မုန်တိုင်းဒဏ်သင့်ခဲ့ပြီး နိုင်ငံတဝှမ်း အခြေအနေ ဆိုးဆိုးရွား ဖြစ်နေတယ်လို့ သမ္မတက ပြောကြားထားပါတယ်။
Ref:BBC

