ထားဝယ်၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်က တစ်ရက်တည်း ဗုံးအလုံး ၄၀ ကျော် ကြဲချသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၈ ရက်နေ့ မနက် ၉ နာရီနဲ့ နေ့လည် ၂ နာရီလောက်မှာ တိုက်ပွဲမရှိဘဲ Y 12 လေယာဉ်နဲ့ ထီးခီးကျေးရွာအနီးဝန်းကျင်ကို ဗုံးတွေဆက်တိုက်ကြဲချသွားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ကားနဲ့အဆောက်အဦးတချို့လည်း ပျက်စီးမှု ရှိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဗုံးကြဲကြောင့် ဒေသခံပြည်သူလူထု ၃၅၀ ကျော် ဘေးလွတ်ရာ နေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးလာချိန် KNU ထိန်းချုပ်ထားတဲ့ ထီးခီဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ နိုင်ငံအတွင်းရှိ လက်လွှတ်ထားတဲ့ နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.