ဆိုးလ် အောက်တိုဘာ ၉
အင်တာနက် ငွေကြေး ဒါမှမဟုတ် ဒီဂျစ်တယ် ငွေကြေး ပိုင်ဆိုင်ထားတဲ့ ကြွယ်ဝချမ်းသာသူတွေဆီကနေ မြောက်ကိုရီးယား ဟက်ကာတွေက သူတို့နိုင်ငံ ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၁၃ ရာခိုင်နှုန်းတန်ဖိုးရှိ ဒေါ်လာ ၂ ဘီလီယံ အထိ ခိုးယူထားတယ်လို့ သုတေသီတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ မြောက်ကိုရီးယား ဟက်ကာတွေက Lazarus Group လို ကုမ္ပဏီတွေဆီကနေ ဒီဂျစ်တယ်ငွေကြေး အမြောက်အများ ခိုးယူခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီဂျစ်တယ် ငွေကြေးချမ်းသာသူတွေကို သူတို့ရဲ့ အလုပ်ရှင်တွေက ကာကွယ်ပေးမှု မရှိတာကြောင့် ဟက်ကာတွေရဲ့ ပစ်မှတ်ထား ခံရမှု ပိုများလာတယ်လို့ အွန်လိုင်းသုတေသနလုပ်ငန်း Elliptic က သတိပေးထားပါတယ်။
အဲဒီလို ခိုးယူရရှိတဲ့ အွန်လိုင်းငွေတွေကို မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေနဲ့ ဒုံးကျည် စီမံကိန်းတွေအတွက် အသုံးချနေတယ်လို့ အနောက်တိုင်း လုံခြုံရေး အေဂျင်စီတွေက ဆိုတာပါ။
မြောက်ကိုရီးယား အစိုးရကတော့ အဲဒီလို အွန်လိုင်း ငွေကြေး ခိုးယူမှုတွေမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ အရင်က ငြင်းဆိုထားပါတယ်။

မြောက်ကိုရီးယား ဟက်ကာတွေ အသုံးပြုတဲ့ နည်းလမ်း၊ ဆော့ဖ်ဝဲလ်တွေနဲ့ တခြားပုံစံတွေကို သုတေသီတွေ သတိပြုမိလာတာ နှစ်အတော်ကြာပြီလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် အတွင်း မြောက်ကိုရီးယား ဟက်ကာတွေရဲ့ အွန်လိုင်းက ငွေခိုးယူတဲ့ ပမာဏဟာ ဒေါ်လာ ၁၅ ဒသမ ၁၇ ဘီလီယံရှိတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။
လူ တစ်ဦး တစ်ယောက်ဆီက အခုနှစ် အများဆုံး ခိုးယူမှု အနေနဲ့ ဒီဂျစ်တယ် ငွေ သန်း ၁၀၀ ကို မြောက်ကိုရီးယား ဟက်ကာတွေက ခိုးယူခဲ့တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref:BBC

