ကျောက်တော်၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း ဗုံးကြဲမှုအတွက် ကျုးလွန်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း”နဲ့ “အမြင်သစ်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

စစ်တပ်ဗုံးကြဲမှုကြောင့် ကျောင်းသူ၊ကျောင်းသား ၁၉ ဦး သေဆုံးပြီး သေဆုံးသူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA) က ဒီကနေ့ မနက်ပိုင်းမှာ အမည်စာရင်းတွေနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုအတွက် တရားမျှတမှု ရရှိတဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကျူးလွန်သူတွေ၊ ခိုင်းစေသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ပြောပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်(AA) အနေနဲ့လည်း စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှု အချက်အ လက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈၉ ဦး သေဆုံးပြီး ၉၁ ဦး ထိခိုက်ဒဏ်ရာရှိထားတယ်လို့ အာရက္ခတပ်တော်(AA) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.