မွန်ပြည်နယ်က လေဘေးသင့်ပြည်သူအများစု အကူအညီမရသေး
မော်လမြိုင် ၊ ဇူလိုင် ၂၇ မွန်ပြည်နယ်မှာ ဝီဖာမုန်တိုင်းအရှိန်ကြောင့် လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက် စီးဆုံးရှုံးမှု များပြားခဲ့တဲ့ လေဘေးသင့် ပြည်သူအများစု စစ်ကောင်စီထံကနေ အကူအညီ မရသေးဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစတင်ပြီး မွန်ပြည်နယ်က ကျိုက်ထို၊ သထုံ၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့…
