မော်လမြိုင် ဇူလိုင် ၁၀
နာမည်ကျော် စာရေးဆရာနဲ့ မြန်မာစာ ပါမောက္ခ ဆရာမောင်သာချိုဟာ ဒီနေ့ ဇူလိုင် ၁၀ ရက် အသက် ၆၇ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာမောင်သာချိုဟာ ပင်လုံဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့အကြောင်း ကာတွန်းဆရာ အော်ပီကျယ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
ရန်ကုန်၊ ကွမ်းခြံကုန်းသား ဖြစ်တဲ့ ဆရာမောင်သာချိုကို ၁၉၅၈ ခုနှစ် မတ် ၁၁ ရက်နေ့မှာ အဖ ဦးဝင်းသိန်းနဲ့ အမိ ဒေါ်တင်တို့ကနေ မွေးဖွားခဲ့သူပါ။ သား ၃ ဦးအနက် အကြီးဆုံးသားဖြစ်ပြီးတော့ အမည်ရင်း ဦးညွန့်သောင်း ဖြစ်ပါတယ်။
ဂျက်ကွမ်းခြံကုန်းဆိုတဲ့ ကလောင်ခွဲကို ပိုင်ဆိုင်ထားတဲ့ ဆရာမောင်သာချိုဟာ ရန်ကုန်တက္ကသိုလ်ကနေ ၁၉၈၈ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ကထိကအဖြစ် တာဝန်ယူခဲ့သူပါ။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရတွေထဲ ဆရာမောင်ာသာချိုလည်း ပါဝင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က ဂျာနယ်တစ်စောင်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုကြောင့်လိုဆိုပြီး ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရတာပါ။
အဲဒီအမှုနဲ့ပဲ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁ နှစ်နဲ့၂၂ ရက်ကြာမှာ ထောင်ဒဏ်အမိန့် ချမှတ်ခံရတဲ့ ဆရာမောင်သာချိုဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media