ပုလဲ၊ ဇွန် ၁၀
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးအား ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အတည်ပြုထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇွန် ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲထံ လေကြောင်းပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို PLA တပ်မတော်က ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်လေယာဉ် ပစ်ချနိုင်တဲ့အခြေအနေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ထပ်မံထုတ်ပြန်ပေးမယ်လို့ PLA တပ်မတော် အသိပေးထားပါတယ်။
အဲဒီတိုက်လေယာဉ်ဟာ ပုလဲမြို့နယ် စပါးစေ့ကျေးရွာရဲ့ ဘုန်းကြီးကျောင်းနားပျက်ကျသွားခဲ့တာ ဖြစ်ပြီး တိုက်လေယာဉ်ပေါ်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့တယ်လို့ မြေပြင်သ တင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
စစ်ကောင်စီ တိုက်လေယာဉ်ပစ်ချခံရတဲ့ သတင်းအသေးစိတ် အချက်အလက်ကို သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်ဖော်ပြပေးသွားပါမယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Wun Na