မော်လမြိုင်၊ ဇွန် ၁၀

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား လေးဦးဟာ မွန်ပြည်နယ်အခြေစိုက် တော်လှန် ရေး တပ်ဖွဲ့တွေထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၂၉၉ ခြေလျင်တပ်ရင်းက တပ်သားနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနစစ်ကြောင်းထံ ဇွန် ၉ ရက်နေ့မှာ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ သင်တန်းဆင်းတွေဖြစ်ပြီး တပ်သား ဇေဇေအောင်၊ တပ်သား ညီညီသက်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန် ၈ ရက်နေ့ကလည်း ပဲခူးတိုင်း ဒိုက်ဦးအခြေစိုက် အမှတ် ၄၄၀ ခြေမြန်တပ်ရင်းက တပ်သားနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၂၇ စစ်ဗျူဟာထံ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ခဲ့တာပါ။

အမှတ် ၂၇ စစ်ဗျူဟာထံ အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းထားသူတွေဖြစ်ပြီး အပတ်စဉ် ၃ နဲ့ အပတ်စဉ် ၈ စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.