မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁
မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ အမိန့်ပေးကွပ်ကဲမှု COCအောက်မှာ ဂဠုန်စစ်ကြောင်းအဖြစ် အလုံးစုံပူးပေါင်းခဲ့တယ်လို့ နှစ်ဘက်အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာချက် ကိုယ် စီထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေဖို့နဲ့ စစ်ရေးဖော်ဆောင်မှုတွေ ဆက်လုပ်နိုင်ဖို့ ဂဠုန်စစ် ကြောင်းက ရည်ရွယ်သလို MLA ကလည်း နိုင်ငံရေးစစ်ရေးဖော်ဆောင်မှုတွေ တိုးချဲ့ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေတဲ့ အ ခြားပြည်နယ်နဲ့တိုင်းက စစ်ကောင်စီတပ်စခန်းတွေကို အခြားတိုင်းရင်းသားမဟာမိတ်တွေနဲ့ ဆက် လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ နှစ်ဘက်အဖွဲ့က လူထုထံအသိပေးပါတယ်။
ဂဠုန်စစ်ကြောင်းကို ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ ၆ KNDO တပ်ရင်း ၆ နယ်မြေအတွင်း စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး တိုင်းရင်းသားမဟာ မိတ်တပ်ပေါင်းစုတွေနဲ့ စစ်ရေးဖော်ဆောင်ခဲ့တာပါ။
၂၀၂၄ ခုနှစ် နိုဝင်ဘာမှာတော့ ဂဠုန်စစ်ကြောင်းရဲ့ တပ်ဖွဲ့တွေအားလုံး အမျိုးသားညီညွတ်ရေးအစိုး ရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကွပ်ကဲမှုအောက်ကနေ နှုတ်ထွက်ခွင့်တင်ပြခဲ့ပါတယ်။
အဲဒီကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေ နှုတ်ထွက်ခွင့်ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ အလုံးစုံပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
MLA ကတော့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊အဖိနှိပ်ခံတိုင်း ရင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေးအစရှိတဲ့ မူ ၃ ရပ်နဲ့အညီ စစ်ရေးနိုင်ငံရေးလုပ်ငန်းတွေ ချဲ့ထွက်နေတာပါ။
လက်ရှိ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ အမိန့်ပေးကွပ်ကဲမှု COC အောက်မှာ မွန် ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO နဲ့ ဂဠုန်စစ်ကြောင်းတို့ ရှိနေပြီး MLA ကလည်း ရာမညပူးတွဲစစ်ကြောင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MLA / ဂဠုန်စစ်ကြောင်း