February 11, 2025

စစ်အာဏာသိမ်း (၁၄၇၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၇၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၂ AAPP ရဲ့ ဖေဖော်ဝါရီ ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၄၇၂) ရက်အတွင်း ပြည်သူ (၆၂၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၅၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာ့အရေး ဝင်မစွက်ဖက်ဘူးလို့ တရုတ်ပြောဆိုမှု ပြက်လုံးအဖြစ်ဝေဖန်ခံရ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂ စစ်‌ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းပေးနေတဲ့တရုတ်က မြန်မာ့ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့မူ ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုမှုဟာ ပြက်လုံးအဖြစ် ဝေဖန်ခံနေရပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ လင်ဂျင်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ မြန်မာဟာ…

မော်လမြိုင်တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီ စစ်သင်တန်းပေး

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၂ မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ရှိ တက္ကသိုလ်လေ့ကျင်ရေးတပ်ဖွဲ့မှာ ပါဝင်လိုတဲ့ ကျောင်းဆ ရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စစ်သင်တန်းပေးသွားမယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီစစ်သင်တန်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နဲ့နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးရဲ့ အမှတ် ၃ တက္ကသိုလ်လေ့ကျင့်ရေးတပ်က လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သင်တန်း…

အဓမ္မစစ်သားစုဆောင်းခံရသူတွေ ဘက်ပြောင်းခိုလှုံကြဖို့ NUG ဖိတ်ခေါ်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂ နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူ ငယ်၊ လူရွယ်တွေအနေနဲ့ အမြန်ဆုံးဘက်ပြောင်းခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြပြီး လူငယ်၊ လူရွယ်တွေကို စစ်ထဲသွင်းပြီး တိုက်ပွဲပြင်းထန်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေထံ ပို့ဆောင်နေတဲ့အတွက် ထိခိုက်ကျဆုံးမှုတွေ များ…

အမေရိကန် ရေငုပ်သင်္ဘော ရောက်ရှိမှုဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုလို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ အမေရိကန်က တောင်ကိုရီးယား ဆိပ်ကမ်းတစ်ခုဆီ ရေငုပ်သင်္ဘော စေလွှတ်ပြီး ပြင်းထန်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှု ထပ်လုပ်နေကြောင်း၊မိမိတို့အနေနဲ့ လိုအပ်တဲ့ တုံ့ပြန်မှု လုပ်ဆောင်ဖို့ အဆင်သင့်ရှိကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောကြားကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော…

သံမဏိနဲ့ ဒန်သတ္တု တင်သွင်းမှု အခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့် ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေကို ကြီးကြီးမားမား တိုးချဲ့မှုအဖြစ် အမေရိကန်သို့ ဝင်ရောက်လာတဲ့ သံမဏိနဲ့ဒန်သတ္တု အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က အမိန့်ထုတ်လိုက်ပါတယ်။ ဝါရှင်တန်ကို သတ္တုအများဆုံး ထောက်ပံ့နေတဲ့ ကနေဒါနဲ့ တခြားနိုင်ငံတွေက လက်တုံ့ပြန်သွားမယ်လို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် အမေရိကန်သို့ သတ္တု တင်သွင်းမှု…

အာဏာရှင်ဝါဒကို ကရင်တစ်မျိုးသားလုံး စုပေါင်းဖြိုချဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၁ ကရင်လူမျိုးရဲ့ ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒ ကျင့်သုံးတဲ့သူတွေကို ဆန့်ကျင်ဖယ်ရှားသွားမယ်ဆိုတဲ့ သန္နိဌာန်ကိုမြဲမြံစွာ ကိုင်စွဲထားရမှာဖြစ်ပြီး အာဏာရှင်ဝါဒပြိုကျသွားဖို့ မိမိတို့အားလုံး စုပေါင်းဖြိုချတိုက်ဖျက်သွားရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအ မှတ် ပြောကြားတဲ့မိန့်ခွန်းထဲမှာ KNU ဥက္ကဌ…

မိုးကုတ်မြို့ ဗုံးကြဲခံရလို့ ဒေသခံငါးဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

မိုးကုတ်မြို့၊ ဖေဖော်ဝါရီ ၁၁ TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားငါးဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညသန်ခေါင်ယံအချိန်မှာ မိုးကုတ်မြို့အနောက်ပိုင်းကို လေကြောင်းကနေ ဗုံးအလုံး ၂၀ နီးပါး လာရောက်ကြဲချသွားတာပါ။ ဗုံးကြဲတိုက်ခိုက်မှုကြောင့်…

ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် BGF ခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းရေးဌာန ပြင်ဆင်

ဘန်ကောက် ဖေဖော်ဝါရီ ၁၁ လူကုန်ကူးမှု စွဲချက်တွေအတွက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်း ထုတ်ဆင့်ဖို့ အထွေထွေရှေ့နေရုံးနဲ့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ တရားရေးဝန်ကြီး Tawee Sodsong က ပြောတဲ့အကြောင်း ထိုင်းဘက်က လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပစ်မှတ်ထားခံရသူ ၃ ဦးကတော့ ဗိုလ်မှူးကြီး စောချစ်သူ၊…

ဂဠုန်စစ်ကြောင်းက မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ အလုံးစုံပူးပေါင်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ အမိန့်ပေးကွပ်ကဲမှု COCအောက်မှာ ဂဠုန်စစ်ကြောင်းအဖြစ် အလုံးစုံပူးပေါင်းခဲ့တယ်လို့ နှစ်ဘက်အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာချက် ကိုယ် စီထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေဖို့နဲ့ စစ်ရေးဖော်ဆောင်မှုတွေ ဆက်လုပ်နိုင်ဖို့ ဂဠုန်စစ် ကြောင်းက ရည်ရွယ်သလို MLA ကလည်း နိုင်ငံရေးစစ်‌ရေးဖော်ဆောင်မှုတွေ တိုးချဲ့ လုပ်ဆောင်နိုင်ဖို့…