January 2025

တစ်နိုင်ငံလုံး လွတ်မြောက်ရေး ချဲ့ထွင်လုပ်ဆောင်မယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၁ လူမျိုးတစ်မျိုး လွတ်မြောက်ရေး သပ်သပ်မဟုတ်ဘဲ တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။ ၂၀၂၅ ခုနှစ်မှာ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့…