နေပြည်တော်၊ ဇန်နဝါရီ ၈

လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျလာတဲ့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို အချိုးကျစနစ်နဲ့ ဓာတ်အားဖြန့်ဝေပေးသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်အားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အား တစ်ရက်ပျမ်းမျှထုတ်လုပ်နိုင်မှုရဲ့၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၀၀ မဂ္ဂါဝပ်သာ ဓာတ်အားထုတ်လုပ်နိုင်တာကြောင့် ဇန်နဝါရီလအတွင်း နိုင်ငံတဝန်းကို လျှပ်စစ် ဓာတ်အား အလှည့်ကျစနစ်နဲ့ ဓာတ်အားဖြန့်ဝေပေးသွားမယ်လို့ အသိပေးလာတာပါ။

လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရာမှာ စစ်ခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်မှာတော့ ဝန် ထမ်းအိမ်ယာတွေကို တစ်ရက်လျှင် ၁၈ နာရီပေး ၄ နာရီပိတ်၊ အများပြည်သူတွေကို တစ်ရက်ပျမ်း မျှ ၁၆ နာရီပေး ၈ နာရီပိတ် စနစ်ကျင့်သုံးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူဦးရေ ခုနှစ်သန်းကျော်နေထိုင်တဲ့ ရန်ကုန်တိုင်းကိုတော့ အုပ်စုသုံးအုပ်စုခွဲပြီး တစ်အုပ် စုလျှင် ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ် အစီအစဉ်နဲ့ အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးသွားမှာပါ။

မန္တလေးတိုင်းကိုတော့ အုပ်စုလေးအုပ်စုခွဲပြီး ၃ နာရီပေး ၉ နာရီပိတ်၊ ၄ နာရီပေး ၁၂ ပိတ် အလှည့် ကျ အစီအစဉ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးသွားဖို့ ရှိနေပါတယ်။

ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာတော့ အုပ်စုတွေခွဲပြီး ၆ နာရီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးသွားမယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင်တွေနေထိုင်ရာ နေ ပြည်တော်မှာသာ လျှပ်စစ်မီးပိုမိုရရှိမှာဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ လျှပ်စစ်မီးပိုမိုပြတ်တောက်မယ့် အခြေအနေမှာ ရှိနေတာပါ။

စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျလာရတာဟာ သဘာဝဓာတ်ငွေ့ရရှိမှု နည်းပါးလာတာ၊ ဓာတ်အားလိုင်းတွေ မိုင်းခွဲဖျက်ဆီးခံရတာ၊ ရာဂီမုန်တိုင်းကြောင့် ဓာတ်အားထုတ်လုပ်တဲ့စက်ရုံတွေ မပြင်နိုင်သေးတာကြောင့် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.