September 5, 2024

စစ်အာဏာသိမ်း (၁၃၁၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၆ AAPP ရဲ့ စက်တင်ဘာ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၁၃) ရက်အတွင်း ပြည်သူ (၅၆၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကောင်စီရဲ့ လုံခြုံရေးစနစ်ကြောင့် ပြည်သူတွေ ဘေးကျပ် နံကျပ်ဖြစ်နေ

ရေး ၊ စက်တင်ဘာ ၆ စိုးမိုးနယ်မြေတွေ လျော့ကျလာနေတဲ့ စစ်ကောင်စီဟာ ရပ်ကွက်ကျေးရွာအထိ ပြည်သူပါတဲ့ လုံခြုံ ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာကြောင့် အရပ်သားပြည်သူတွေဟာ ဘေး ကျပ်နံကျပ်အနေအထား ဖြစ်နေပါတယ်။ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်လာနေတာပါ။ ဒါကြောင့် အသက်…

ရေးမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ

ရေး၊ စက်တင်ဘာ ၆ မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဝ ရာမညစက်သုံးဆီဆိုင်အနီးမှာ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ရာမညစက်သုံးဆီဆိုင်အနီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ လုံခြုံရေးစစ်ဆေးနေစဉ် မော့ကနင်အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၃၁၇ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီး…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ငါးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ရာကနေ လယ်တောင်ယာကျေးရွာထဲ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်…

လေးကေကော်မြို့အနီးက စစ်ကောင်စီအမြောက်ကုန်းကို KNLA ပူးပေါင်းအဖွဲ့ ပိတ်ဆို့တိုက်ခိုက်နေ

လေးကေကော်၊ စက်တင်ဘာ ၆ ကရင်ပြည်နယ် လေးကေကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို KNLA တော်လှန်ရေး အင်အားစုမဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန် ရေး…

သတ်မှတ်ထားတဲ့ အနီရောင်စည်းကို မလှောင်ပြောင်ဖို့ အမေရိကန်ကို ရုရှား သတိပေး

မော်စကို၊ စက်တင်ဘာ ၅ ယူကရိန်းသို့ အမေရိကန်က တာဝေးပစ် ဒုံးကျည်တွေ ပေးပို့နိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က အမေရိကန်အနေနဲ့ ရုရှားဘက်က သတ်မှတ်ထားတဲ့ အနီရောင်စည်းတွေကို မလှောင်ပြောင်ဖို့ စက်တင်ဘာ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။ စစ်အေးစစ်ပွဲ နောက်ပိုင်း မော်စကိုနဲ့ ဝါရှင်တန်တို့ကြား လုံခြုံရေး ဟန်ချက် ညီမျှမှုကို…

ထိုင်းအစိုးရအပေါ် သက်ဆင် ထိန်းချုပ်မှု ရှိ မရှိ စစ်ဆေးပေးဖို့ တောင်းဆို

ဘန်ကောက်၊ စက်တင်ဘာ ၅ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို သူ့ရဲ့ ဖခင် သက်ဆင် ရှင်နာဝါထရာက ထိန်းချုပ် ခြယ်လှယ်နေမှုနဲ့ ကုမ္ပဏီပေါင်း ၂၀ ရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ သူ့ရဲ့ နုတ်ထွက်မှု တရားဝင် မဝင် စစ်ဆေးပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရူအန်ခရိုင် လီကစ်ဝတ်တာနာက ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုလိုက်ပါတယ်။ အဲဒီကုမ္ပဏီပေါင်း ၂၀…

မြင်းခြံလမ်းပိုင်းမှာ သူတို့တပ်ဖွဲ့ဝင်တွေ ဓါးပြတိုက်တာမရှိဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခရီးသွားပြည်သူတွေအား ဓါးပြတိုက်နေတဲ့သတင်းကို သတင်းအမှား”ဆိုပြီး စစ်တပ်ဘက်က ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသ…

TNLA သိမ်းပိုက်ထားတဲ့ မန်တုံမြို့ကို စစ်တပ်ဗုံးကြဲ

မန်တုံ၊ စက်တင်ဘာ ၅ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ မန်တုံမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး နှစ်လုံး…

ရွှေကျင်မှာ ဒေသခံ ၁၅ ဦးကို စစ်တပ် လူသားဒိုင်းအဖြစ်ဖမ်းဆီး

ရွှေကျင်၊ စက်တင်ဘာ ၅ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေ ထမ်းခိုင်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအ ရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်း ချီတက်ရာ…