စဉ့်ကူး၊ ဇူလိုင် ၂၀

မန္တလေးတိုင်း စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဇူလိုင် ၂၀ ရက်နေ့မှာ တရား ဝင်ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်နေ့ကတည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းအ တွင်း ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

စဉ့်ကူးစစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအမြောက် အမြား သိမ်းဆည်ရမိခဲ့တယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်တဲ့ ပေး ဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တွေကို ဦးညွှတ်အလေးပြု မှတ်တမ်းတင်အပ်တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့တာကြောင့် မြို့နေဧရိယာတွေနဲ့ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အသိ ပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.