July 10, 2024

စစ်အာဏာသိမ်း (၁၂၅၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၁ AAPP ရဲ့ ဇူလိုင် ၁၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၆) ရက်အတွင်း ပြည်သူ (၅၃၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်က ဘဏ်တွေမှာ ငွေသားထုတ်ပေးမှုကန့်သတ်

မော်လမြိုင်၊ ဇူလိုင် ၁၁ မွန်ပြည်နယ်အတွင်းက ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာပြီးနောက် ဘဏ်တွေ သတ် မှတ်ထားတဲ့အတိုင်း အကန့်အသတ်နဲ့သာ ငွေသားထုတ်ပေးနေတယ်လို့ ငွေထုတ်သူတွေနဲ့ စီးပွား ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နာမည်ကြီး လူသိများတဲ့ ပြည်တွင်းက ပုဂ္ဂလိကဘဏ် ၇ ခုကို စစ်ကောင်စီဘက်က အရေးယူပြီးနောက် ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာသလို ဘဏ်တွေအပေါ် ယုံကြည်မှုကျဆင်းပြီး…

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအပေါ် စစ်ကောင်စီတုံ့ပြန် မှု လေသံပျော့နေ

နေပြည်တော် ၊ ဇူလိုင် ၁၁ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ MNDAA နဲ့ TNLA တို့ရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင် ရေးအပေါ် စစ်ကောင်စီဘက်က စစ်ရေးဆိုင်ရာတုံ့ပြန်ပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့ စစ်ဆင်ရေးနဲ့ယှဉ်ရင် လေသံပျော့ပျောင်းနေပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက MNDAA နဲ့ TNLA တို့ဟာ ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ နယ်မြေချဲ့ထွင် တိုက်ခိုက်လာနေလို့ စစ်တပ်ဘက်က…

ကျောက်ကြီးမှာ ဒရုန်းနဲ့လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကျောက်ကြီး၊ ဇူလိုင် ၁၁ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၃၀၇ ခြေမြန်တပ်ရင်းကနေ လေးအိမ်စုကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးကြဲခဲ့တဲ့အတွက်…

ရေးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးတယ်လို့ မွန်ပြည်သစ် AD ပြော

ရေး၊ ဇူလိုင် ၁၀ မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ထံကနေ သိရပါတယ်။ မနေ့ ဇူလိုင် ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မော့ကနင်အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းကနေ အင်အား…

အာဏာရှင်တွေကြောင့် ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေရတယ်လို့ သမ္မတ ဘိုင်ဒန် ပြော

ဝါရှင်တန် ဒီစီ၊ ဇူလိုင် ၁၀ နေတိုးအဖွဲ့ ခေါင်းဆောင်တွေကို ဝါရှင်တန် ဒီစီကနေ ကြိုဆိုနေတဲ့အချိန်အတွင်းမှာပဲ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က အာဏာရှင်တွေဟာ ကမ္ဘာကြီးရဲ့ စီစဉ်တကျရှိမှုကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပြီး ရုရှားကို အနိုင်ယူရေး ယူကရိန်းအား ဆက်လက် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ နေတိုးအဖွဲ့ဟာ မျိုးဆက်တစ်ခု အတွင်း အကြီးမားဆုံး စိန်ခေါ်မှုနဲ့…

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ပါဝင်ကူညီပေးဖို့ တရုတ်ကို ဘင်္ဂလားဒေ့ချ် တောင်းဆို

ဘေဂျင်း၊ ဇူလိုင် ၁၀ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်နိုင်ရေး ပါဝင်ကူညီပေးဖို့ ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက တရုတ်ကို ဇူလိုင် ၁၀ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ တရုတ်ခရီးစဉ် ဒုတိယမြောက်နေ့မှာ ဝန်ကြီးချုပ် ဟာဆီနာက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ကူညီပေးပါလို့ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ…

ထားဝယ်ခရိုင်အတွင်းက ဆန္ဒပြလှုပ်ရှားမှုအခြေအနေတွေ ဘယ်လိုရှိနေလဲ။

“စစ်တပ်ကနေပြီး ဖြတ်လေးဖြတ် အနေအထား ကန့်သတ်လိုက်တဲ့အခါမှာ ကုန်ဈေးနှုန်းတွေ ပိုမြင့်လာပြီး လူထုက ခက်ခဲကြပ်တည်းလာတယ်။ လူထုခက်ခဲလာတော့ ကျွန်တော်တို့လည်း ခက်ခဲလာတယ်” ကိုမင်းလွင်ဦး (ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ) မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာဏာရှင်စနစ်ကို အလိုမရှိတဲ့ ပြည်သူတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ခဲ့ပါတယ်။ အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတဲ့…

မိုးမိတ်နဲ့ မိုးကုတ်က စစ်ကောင်စီတပ်စခန်းလေးခုကို TNLA ထပ်မံသိမ်းပိုက်

မိုးမိတ်၊ ဇူလိုင် ၁၀ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းလေးခုကို ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၉ ရက်နေ့က မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ သရက်တောတပ်စခန်းနဲ့ မိုင်တိုင် ၆ တပ်စခန်းတွေကို တအာင်းတပ်မတော်မှ…

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေး ဖျောင်းဖျ နားချပေးဖို့ ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆိုခဲ့

ပေကျင်း၊ ဇူလိုင် ၁၀ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ် တစ်ရပ်အနေနဲ့ သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ လက်ရှိ နံပါတ် ၁ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေးအတွက် ဖျောင်းဖျ နားချပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို ပြောဆိုခဲ့တယ်လို့ စင်ကာပူ အခြေစိုက်…