ဘန်ကောက် ဇွန် ၈

ထိုင်းနိုင်ငံ မူအန်းခရိုင်က ပြည်သူ့ဆေးရုံတစ်ခုမှာ မြန်မာလူနာတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ဆက်စပ်လို့ ဒေသဆိုင်ရာ ရဲအရာရှိတစ်ယောက်က အာဏာပိုင်တွေထံမှာ ဇွန် ၈ ရက်နေ့က လာရောက်အဖမ်းခံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

အဲဒီသေနတ်သမားဟာ ခွန်ကရန်မြို့က ဆေးရုံမှာ တက်ရောက်ကုသမှုခယူနေတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူကို စိတ်အနှောင့်အယှက်ပေးနေလို့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားကို ပစ်သတ်ခဲ့ခြင်းဖြစ်တဲ့အကြောင်း ဝန်ခံထားပါတယ်။

အသက် ၃၄ နှစ်အရွယ် ထိုင်းရဲတပ်ကြပ်ကြီး ဝီရာဖုန် ဘူအာယန်းက ခွန်ကရန်မြို့က ဖရာယန်းရဲစခန်းဆီကိုယ်တိုင် လာရောက်ပြီးအဖမ်းခံခဲ့တာလည်းဖြစ်ပါတယ်။ ခွန်ကရန်ရဲမှူးကြီး အနူဝတ် ဆူဝန်နဖွန်ရဲ့အဆိုအရကတော့ သံသယရှိသူဟာ စိတ်ဖိစီးပြီး စိတ်ရှုပ်ထွေးနေပုံရပေမယ့် သေဆုံးသူကို ပစ်သတ်ခံခဲ့တယ်လို့ ဝန်ခံခဲ့တဲ့အကြောင်း ဇွန် ၈ ရက် နေ့လယ်ပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

သံသယရှိသူဟာ သူတစ်ခါမှမမြင်ဖူးတဲ့ အဲဒီမြန်မာလုပ်သားကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးခေါင်းကို ပစ်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် အခုလိုမျိုး ပစ်ခတ်ခဲ့ရသလဲဆိုတာကိုတောင် သူ့ကိုယ်သူ သိရှိမနေကြောင်းလည်း ရဲမှူးကြီးက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ညက အဲဒီဆေးရုံမှာ အသက် ၂၉ နှစ်အရွယ် ကိုကျော်စွာအောင်ဆိုသူဟာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရလို့ ရဲအရာရှိတွေကို အကြောင်းကြားခဲ့ကြတာပါ။ သေဆုံးသူ ကိုကျော်စွာအောင်ဟာ ငါးဖမ်းပိုက်ကွန်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေခဲ့သူဖြစ်ပါတယ်။

သေဆုံးသူကို ပစ်ခတ်ခဲ့ကြောင်း လာရောက်ဝန်ခံထားတဲ့ သံသယရှိသူဟာ သူ့ရဲ့ဖခင်အိပ်မပျော်နိုင်အောင် အနောက်အယှက်ပေးတဲ့ အဲဒီသေသုံးသူ မြန်မာလူနာနဲ့ပတ်သက်လို့ သူ့ဖခင်က ငြီးငြူပြောဆိုနေခဲ့တာကို ကြားခဲ့ရလို့ အခုလိုလုပ်ခဲ့တာလို့ ဆွေမျိုးနီးစပ်တွေက မှတ်ချက်ပေးပါတယ်။ သံသယရှိသူဟာ အဆောင် ၆ ကို လမ်းလျှောက်လာခဲ့ပြီး အဲဒီမှာ ကိုကျော်စွာအောင်ကို သေနတ်တစ်ချက်တည်းနဲ့ ပစ်ခတ်ခဲ့ပြီး အိပ်ရာပေါ်မှာတင် သေစေခဲ့တာဖြစ်တယ်လို့ ရဲမှူးကြီး အနူဝတ်က ဆိုပါတယ်။

အခုတော့ သံသယရှိသူကို လူသတ်ရန်ကြိုတင်ကြံရွယ်မှု၊ တရားမဝင် လက်နက်နဲ့ခဲယမ်း ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုထားပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.